တရုတ်နှင့်ထိုင်း ဆက်သွယ်သည့် ရထားလမ်း၏ ပထမအဆင့် လမ်းပိုင်းကို စတင်ဖောက်လုပ်

Thu, 12/28/2017 - 04:29 -- admin_ygn

         တရုတ်နှင့်ထိုင်းသို့ဆက်သွယ်သည့် ပထမဦးဆုံး အဆင့်မြင့်ရထားလမ်း ဖောက်လုပ်မည့်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နာခွန်ရာချတ်စီမာတွင် ကျင်းပခဲ့သည်။ ထိုင်းနိုင် ငံနှင့် ရထားလမ်းဖောက်လုပ်ရန် သဘောတူညီမှုရရှိခဲ့သည့် အတွက် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျင်းပင်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်း တစ်ခု လမ်းကြောင်းတစ်ခုစီမံကိန်းကို အကျိုးပြုစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။ အဆိုပါရထားလမ်း၏ ပထမဆုံးလမ်းပိုင်းအဖြစ် ထိုင်းနိုင်ငံ၏ မြို့တော် ဗန်ကောက်နှင့် နာခွန်ရာချတ်စီမာပြည်နယ်ကို ဆက်သွယ်သည့် ၂၅၃ ကီလို မီတာရှည်သည့် လမ်းပိုင်းအား စတင်ဖောက်လုပ်မည်ဖြစ်သည်။
         ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နာခွန်ရာချတ်စီမာပြည်နယ်ရှိ ကလန်ဒေါင်း နှင့် ပန်ဘာဆုတ်ဘူတာနှစ်ခုအကြားတွင် ၃ ဒသမ ၅ ကီလို မီတာရှည်လျားသည့် ရထားလမ်း ပထမအဆင့်ကို ဖောက်လုပ်မည်ဖြစ်သည်။ ထိုင်း အေ ဝးပြေးလမ်း များဆိုင်ရာဌာနသည် ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းစတင်ရန် အသင့် ရှိနေပြီး ပထမအဆင့် ရထားလမ်းတည်ဆောက်မှုသည် နောက်ထပ်တည် ဆောက်မည့် ရထားလမ်းပိုင်းများအတွက် အကောင်းဆုံးေ သာ စံနမူနာဖြစ် စေရမည်ဟု ညွှန်ကြားရေးမှူးချုပ် ဘာနင်ဆွန်ဘွန်းက ပြောကြားသည်။ အဆိုပါရထားလမ်းဖောက်လုပ်ရာတွင် ထိုင်းနှင့် တရုတ်အင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။ ရထားလမ်း၏ ဒုတိယအဆင့် ၁၁ ကီလို မီတာ၊ တတိယအဆင့် ၁၁၉ ဒသမ ၅ ကီလိုမီတာနှင့် စတုတ္ထအဆင့်အဖြစ် ၁၁၉ ကီလိုမီတာရှည်လျားသည့် လမ်း ပိုင်းများကို ဆက်လက်ဖောက်လုပ်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံအတွင်းရှိ ရထားလမ်းဖြတ်သန်းသွား လာမည့်ဒေသများအား ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး အခြေခံအဆောက်အဦများ လည်းဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း၊တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း အကောင် အထည်ဖော်မှုဖြင့်ပထမအဆင့် လမ်းပိုင်းပြီးစီးသွားပါက ဒုတိယ အဆင့် လမ်းပိုင်းကိုလည်း အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် နိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။

 

မယ်သီတာ

International Trade News

Pages