တရုတ်နိုင်ငံထုတ် မြေအောက်ရထားများအား အမေရိကန်သို့ ပထမဆုံးအကြိမ် တင်ပို့

Tue, 10/31/2017 - 09:49 -- admin_ygn

     တရုတ်နိုင်ငံပိုင်ရထားကုမ္ပဏီ ဖြစ်သည့် CRRC Changchun Railway Vehicles Co., မှ ထုတ်လုပ်သည့် မြေ အောက်ရထားတွဲများကို ဘော်စတွန်သို့ လာမည့် ဒီဇင်ဘာလတွင် တင်ပို့မည် ဖြစ်သည်။ ဘော်စတွန်မြို့ မြေေ အာက်ရထား Orange line အတွက် တွဲပေါင်း ၁၅၂ တွဲနှင့်  Red Line အတွက် ၁၃၂ တွဲကို  ထုတ်လုပ် တင်ပို့မည်ဖြစ်ပြီး  Hawker Siddeley Canada မှ ၁၉၇၉ ခုနှစ်နှင့် ၁၉၈၁ ခုနှစ် ကြား ထုတ်လုပ် ထားသည့် တွဲများကို အစားထိုးရန် အတွက်ဖြစ်ကြောင်း သိရပါသည်။
      တရုတ်နိုင်ငံထုတ် ရထားများကို အမေရိကန်သို့ ပထမအကြိမ်တင်ပို့ခြင်း ဖြစ်ပြီး အမေရိကန်၏ လိုအပ်ချက်နှင့် စံချိန်စံညွှန်းကိုက်ညီအောင် ထုတ်လုပ် ခြင်းဖြစ်ကြောင်း၊ ရထားတွဲဒီဇိုင်းပုံစံ၊ အသုံးပြုသည့် ပစ္စည်းရွေးချယ်မှု သတ် မှတ်ချက်ပြည့်မီရန်နှင့် ကနဦး အလေးချိန်  ၁ ဒသမ ၈ မက်ထရစ်တန်မှ နောက်ဆုံး  ၃၃  တန်အထိ လျှော့ချနိုင် အောင် စမ်းသပ်ဆောင်ရွက်မှုပေါင်း ၈၀ ခန့်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် ရထားများ ခိုင် ခံ့မှု၊ ဘေးကင်းလုံခြုံမှု၊ အရည်အသွေး ထိန်းချုပ်မှုစနစ်အားလုံးကို အမေရိကန်၏ သတ်မှတ်ချက် ပြည့်မီအောင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရနှင့် ပြည်နယ်အဖွဲ့အစည်းများ၊ အမေရိကန် သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေးအေဂျင်စီ၊ မသန်မစွမ်းသူ များဆိုင်ရာဥပဒေ၊ မန်ဆာချူးဆက် ပြည်နယ်အများပြည်သူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေ စသည့် သတ်မှတ်ချက်ပေါင်း  ၁၂၀ ကျော်ကို ပြည့်မီအောင် ဆောင် ရွက်ခဲ့ ကြောင်း၊ ရထားတွဲများ အလေးချိန်ပေါ့ ပါး၍ ဘေးကင်းစိတ်ချရမှုသည် နှစ်ဖက်စာချုပ်ချုပ်ဆိုရာတွင် အဓိကအချက်ဖြစ်ကြောင်း သိရပါသည်။
       အဆိုပါ Stainless Steel Subway trains   များသည် တစ်နာရီလျှင် ကီလို မီတာ ၁၂၀ ပြေးဆွဲနိုင်မည်ဖြစ်ပြီး သက် တမ်း ၃၀ ဖြစ်ပါသည်။ တရုတ်နိုင်ငံထုတ်  ရထားများသည် ယခင်ကဈေးကွက် အတွင်း ဈေးနှုန်းသက် သာမှုကို အလေး ထားရုံမျှသာမက အဆင့်မြင့် တီထွင်မှု နည်းပညာကိုပါ သုံးစွဲထုတ်လုပ်ထား ကြောင်း CRRC က ပြောကြားထားပါသည်။ ထို့အပြင် လော့စ်အိန်ဂျယ်လိစ်၊ မဲလ်ဘုန်းနှင့် သြစတြေးလျသို့ မြေ အောက်ရထားများ ဆက်လက်တင်ပို့ မည်ဖြစ်ကြောင်း သိရပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages