ကိုရီးယားနိုင်ငံ၏ ယုံကြည်ရသော မိတ်ဖက်ပို့ကုန်နိုင်ငံစာရင်းမှ ဂျပန်ကိုပယ်ဖျက်

Thu, 08/22/2019 - 06:55 -- admin_ygn

      ကိုရီးယားသမ္မတနိုင်ငံအားဂျပန် နိုင်ငံမှ ပို့ကုန်ထိန်းချုပ်မှုစနစ်နှင့်ပတ်သက်၍ ယုံကြည်ရသည့်ကုန်သွယ်ဖက် နိုင်ငံစာရင်း(White List) မှပယ်ဖျက် ကြောင်းကို သြဂုတ် ၂ ရက်တွင်ပြုလုပ်သော ဂျပန်အစိုးရအဖွဲ့အစည်း အဝေးမှ အတည်ပြုခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင်ပင် ဂျပန်နိုင်ငံအား ကိုရီးယားသမ္မတ နိုင်ငံ၏ ယုံကြည်ရသော မိတ်ဖက်ပို့ကုန် နိုင်ငံစာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဟောင်နမ် ကီက တုံ့ပြန်ကြေညာလိုက် သည်။

     အဆိုပါ အတည်ပြုခဲ့သော ကိုရီး ယားသမ္မတနိုင်ငံအား ဂျပန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုစနစ်နှင့်ပတ်သက်၍ ယုံကြည်ရသည့်  ကုန်သွယ်ဖက်နိုင်ငံ စာရင်း (White List) မှ ပယ်ဖျက်ခဲ့ သည့်ဆုံးဖြတ်ချက်သည် ရက်ပေါင်း ၂၁ ရက်အတွင်းအသက်ဝင်မည်ဖြစ်ပြီး Dual Use ကုန်စည်များဖြစ်ပြီး စစ်ရေး အသုံးပြုပစ္စည်းများပါ ထုတ်လုပ်နိုင် သည့်ကုန်စည်အမျိုးအစား ၁၁၂၀ မျိုး တို့အား ဂျပန်မှကိုရီးယားသမ္မတနိုင်ငံသို့တင်သွင်းရာတွင် ယခင်ကဲ့သို့ လွယ် ကူမြန်ဆန်တော့မည်မဟုတ်ဘဲ သိသိ သာသာ နှောင့်နှေးကြန့်ကြာမှုများရှိ လာမည်ဖြစ်သည်။

         တောင်ကိုရီးယား သမ္မတမွန်ဂျေး အင်က ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက် အပေါ် သမ္မတတစ်ဦးအနေဖြင့် ပြစ်တင် ရှုတ်ချကြောင်း၊  ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံအား ဘယ်သော အခါမှအရှုံးပေးမည်မဟုတ်ေ ကြာင်း၊ ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ နှင့် နိုင်ငံတကာ အသိုက်အဝန်းမှ သံတမန် နည်းလမ်းဖြင့် ပြဿနာအား ပြေလည် အောင် ကြိုးပမ်းညှိနှိုင်းခဲ့မှုများအပေါ် လျစ်လျူရှုကာ ထိုကဲ့သို့ မဆင်မခြင် ဆုံး ဖြတ်ခဲ့သဖြင့် အခြေအနေများ ပိုမိုဆိုး ရွားလာခြင်းအတွက် ဂျပန်နိုင်ငံတွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း၊  မိမိတို့အနေ ဖြင့် ယခုအခြေအနေအား အခွင့်အရေး အဖြစ် ပြောင်းလဲအသုံးချ၍ နည်းပညာ ပိုင်းဆိုင်ရာ၌ အခြားနိုင်ငံတစ်ခုအား မှီတည်ခြင်းမရှိဘဲ နည်းပညာဆိုင်ရာ ကုန်စည်များအား နိုင်ငံတကာနှင့် ယှဉ် ပြိုင်ထုတ်လုပ်နိုင်သော အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ဆက် လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    ဂျပန်၏ ဆုံးဖြတ်ချက်သည် တောင်ကိုရီးယားနိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်များသာ နစ်နာစေမည် မဟုတ် ဘဲ ဂျပန်ပို့ကုန် လုပ်ငန်းရှင်များကိုပါ ထိခိုက်နစ်နာမည်ဖြစ်ကြောင်း၊ တောင် ကိုရီးယားနိုင်ငံ၏မည်သည့်ကုန်ပစ္စည်း များသည် ထိခိုက်မှုအရှိဆုံးဖြစ်မည်ကို အတိအကျ မသိနိုင်သေးသော်လည်း ယေဘုယျအားဖြင့် နိုင်ငံ၏စီးပွားရေး အတွက် အဓိကကျသည့် ကုန်စည်များ ဖြစ်သော Lithiumion   batteries၊ Carbon Fiber နှင့် အင်ဂျင်နီယာ အသုံးပြုကိရိယာများ ထုတ်လုပ်မှုတို့တွင် ထိ ခိုက်မှု အများဆုံး ဖြစ်လာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ကြ သည်။

 

ဝင်းပပသူ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages