ကမ္ဘောဒီးယားနိုင်ငံတွင် ဂျပန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်မည်

Fri, 12/15/2017 - 05:05 -- admin_ygn

        ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှုများအား တိုးချဲ့မြှင့်တင်မည်ဖြစ်ကြောင်း ခမာတိုင်းမ်သတင်းတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိသည့်  မင်နီဘာအာ ကမ္ဘောဒီးယားကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုဖြစ်သည့်  မင်နီဘာအာမတ်ဆုမိကုမ္ပဏီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ၊ အခြားသော ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လျက် ရှိရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆၃သန်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။
    ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့သည့်ကိစ္စနှင့်  ပတ်သက်၍ မင်နီဘာအာ ကုမ္ပဏီက  အဆိုပြုလွှာတစ်စောင်ကို နိုဝင်ဘာလ အတွင်းက တင်ပြခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးမှုကောင်စီ က  အတည်ပြုပေးခဲ့ခြင်းဖြစ် သည်။ ကောင်စီ၏အတည်ပြုချက်အရ မင်နီဘာအာမတ်ဆုမိကုမ္ပဏီသည် ဖနွမ်းပင်အထူးစီးပွားရေးဇုန်တွင် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ သတ္တုသွန်းလောင်းသည့်စက်ရုံများ၊ ပလတ်စတစ် အစိတ်အပိုင်းဆိုင်ရာ စက်ရုံများ ကို တည်ဆောက်သွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၃၁၅ ခုကို ဖော်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ "ဒါဟာ တကယ့်သတင်းကောင်းတစ်ရပ်ပါ။ နိုင်ငံရဲ့စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါတဲ့ ဆောင်ရွက်ချက်ပါ။ ရင်းနှီးမြှုပ်နှံမှုအသစ်တွေဟာ ပြည်တွင်းကစက်မှုကဏ္ဍကို အကူ အညီပေးနိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းက လုပ်သားအင်အားကို ကျွမ်းကျင်အဆင့်ဖြစ်အောင် လုပ်ပေးမှာပဲဖြစ်ပါတယ်"ဟု မစ္စတာ ကာလ်ယန်က ပြောကြားခဲ့သည်။

 

မယ်သီတာ

International Trade News

Pages