ITC ကတ်ဖြင့် လုပ်ငန်းဆောင်ရွက်မှု ကျပ်သန်း ၆၀၀ ကျော် ရရှိနေ

Tue, 05/07/2013 - 04:43 -- admin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ နယ်စပ်နေပြည်သူများ၊ အသေးစားလုပ်ငန်းရှင်များနဲ့ ဒေသခံ တိုင်းရင်းသားများရိုးရှင်းလွယ်ကူစွာနဲ့ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်  Individual Trading Card (ITC) နဲ့ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့တာ ယခုဆိုရင် (၄) လခန့်ရှိခဲ့ပြီဖြစ်ပါတယ်။ မတ်လ ၂၀ ရက်နေ့ အထိဆောင်ရွက်မှုအရ နယ်စပ်ပေါက် အလိုက်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ တိုးတက်မှုကိုကြည့်မယ်ဆိုရင် ပထမဆုံး ITC ခွင့်ပြုပေးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာဆိုရင် ITC ၆၈ ကတ်၊ ကုန်သွယ်မှုတန်ဖိုးကျပ် ၃၅၃ ဒသမ ၆၁ သန်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာစတင် ITC ခွင့်ပြုတဲ့ မူဆယ်မှာဆိုရင် ITC ၁၄၀ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၁၉၁ ဒသမ ၇၂၅ သန်း၊ မြဝတီမှာဆိုရင် ITC  ၃၂ ကတ်၊ ကုန်သွယ်မှုတန်ဖိုးကျပ် ၂၇ ဒသမ ၃၅၈ သန်းဖိုးနဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစတင်ပြီး ITC ကတ်ထုတ်ပေးခဲ့တဲ့ တာချီလိတ်စခန်းမှာဆိုရင်  ITC ၃၄ ကတ်နဲ့ ကုန်သွယ်မှုတန်ဖိုးကျပ် ၃၂ ဒသမ ၃၂၆ သန်း ဆောင်ရွက်နိုင်ခဲ့တာကြောင့် ယနေ့အထိစုစုပေါင်းလုပ်ငန်းဆောင် ရွက် ခွင့်ပြုမှု ကတ်ပေါင်း ၂၇၄ ကတ်နဲ့ ကုန်သွယ်မှုတန်ဖိုး ကျပ် ၆၀၅ ဒသမ ၀၁၆ သန်းဖိုးဆောင်ရွက်ပြီးစီးပြီလို့ သိရပါတယ်။ ဒါကြောင့် ITC ကတ် ထုတ်ပေးခြင်းဖြင့် ပြည်သူအတွက်သာမက နိုင်ငံတော်ရဲ့ကုန်သွယ်မှုတိုးတက်ပြီး ရသင့်တဲ့အခွန်အခများလည်း ပိုမိုရရှိနေပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
KZW

Border Trade News

Pages