မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ တန် ၁၅၀ ကျော်ငရုတ်သီးခြောက် တင်ပို့

Tue, 05/07/2013 - 06:56 -- admin

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူး သန်းရောင်းဝယ်ရေးဇုန်အနေနဲ့ မတ်လ တွင် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်း တန်ဖိုးရှိ ငရုတ်သီးခြောက် ၁၅၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလထက် ၄ တန်ကျော် လျော့ နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ မိမိနိုင်ငံမှ ငရုတ်သီးခြောက်များကို မဲဆောက်မှဘန်ကောက်အထိ တင်ပို့ပြီး ဘန်ကောက်တွင် တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်ကာ မလေးရှားသို့ ဆက်လက်တင်ပို့ကြောင်း သိရှိရပါ တယ်။ ယခုအခါပြည်တွင်းမှာ ငရုတ် ထွက်ရှိမှုလျော့နည်းလာတဲ့အတွက် ကုန်ပစ္စည်းရရှိမှုခက်ခဲလာသဖြင့် တင်ပို့မှုကျဆင်းလာကြောင်း သိရှိရပါတယ်။  မြဝတီကူးသန်းရောင်းရေးဇုန်ရဲ့ ဇန်နဝါရီလမှ မတ်လထိ ငရုတ်သီးခြောက်တင်ပို့မှုမှာ တန်ဖိုး ကန် ဒေါ် လာ သုည ဒသမ ၉၃၂ သန်းဖိုးရှိ  ၅၃၈ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် (MIRT)

Border Trade News

Pages