အာဆီယံနှင့်ပူးပေါင်းဆွေးနွေးဆောင်ရွက်မှုများ

E-Commerce ဆိုင်ရာကိစ္စရပ်များအတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု


    မြန်မာနိုင်ငံသည် ASEAN Coordinating Committee on E-Commerce and Digital Economy (ACCED) တွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ Focal ဌာနများအဖြစ် ဌာန(၇)ခုပါဝင်ပြီး ဦးဆောင်ဌာန (Lead Focal) အနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနနှင့်ပတ်သက်သော လုပ်ငန်းရပ်များအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ 
    ASEAN Coordinating Committee on E-Commerce and Digital Economy (ACCED) က ဆက်လက်ဆွေးနွေးညှိနှိုင်းနေသော Digital Economy Framework Agreement (DEFA)အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း ကုန်သွယ်ရေးဦးစီးဌာနသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့်အတူ ပူးပေါင်း၍ ကုန်သွယ်ရေး ဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းရပ်များအတွက် ပူးပေါင်းပါဝင်ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ 
    ASEAN Canada ၏ WGEC – Working Group on e-Commerce လုပ်ငန်းအဖွဲ့ အစည်းအဝေး များတွင် ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများ အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 
    ထို့ပြင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် E-Commerce Registration ပြုလုပ်နိုင်ရေး အစီအစဉ် ရေးဆွဲခြင်း၊ စနစ်ရေးဆွဲခြင်း လုပ်ငန်းတို့အား ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ညှိနှိုင်းပြီးအချက်များအရ စနစ်ရေးဆွဲထားရှိပါသည်။ E-Commerce Law (Draft) ရေးဆွဲရေးဆွဲနိုင်ရေး အတွက် အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။