၁။ စခန်းအမည် - ကန်ပိုက်တီကုန်သွယ်ရေးစခန်း
၂။ စခန်းဖွင့်လှစ်ခဲ့သောခုနှစ်
ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်း ကို ၂၀ဝ၃ ခုနှစ် ၊ဒီဇင်ဘာ လတွင် စတင်ဖွင့်လှစ်ခဲ့ သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အခြားအခြေ အနေအရပ်ရပ် ကြေင့် ၂၀ဝ၆ ခုနှစ်၊ ဇွန်လတတိယပတ်တွင် ပိတ်သိမ်းခဲ့ပါသည်။ ကန်ပိုက်တီးကုန်သွယ်ရေး စခန်းကို အဆင်မြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတစ်ဆင့် တင်ပြလာသဖြင့် ဝန်ကြီးချုပ်ရုံး၏ (၂၇-၆-၂၀ဝ၉) ရက်စွဲပါ စာအမှတ်၊ ၃၄၃/၂၁၃/အဖရ (၂၀ဝ၉) ဖြင့် စခန်းသစ်ဖွင့်လှစ်ခွင့်ပြုမိန့် ထုတ်ပြန်ပေး ခဲ့ ပါ သည်။ ထိုအမိန့်အရ ကန်ပိုက်တီးကုန်သွယ် ရေးစခန်းကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင် OSS အဖွဲ့ဝင် များအားလုံးပါဝင် သော နိုင်ငံတော်အဆင့် စခန်းအဖြစ် တရားဝင် ပြန်လည်ဖွင့်လှစ် ခဲ့ပါသည်။
၃။ တစ်ဖက်နိုင်ငံစခန်း/မြို့များ - တရုတ်ပြည်သူ့သမ္မတနိုင်ငံဟေးရီးထန်(နယ်စပ်ဝင်/ထွက်ဂိတ်) ၊ ကူရုံးမြို့ ၊ ထိန်ခြုံးမြို့
၄။ မျက်နှာစာ - ကန်ပိုက်တီးစခန်းသည် မြန်မာ - တရုတ်မျက်နှာစာပေါ်တွင်တည်ရှိပါသည်။
၅။ ကုန်သွယ်မှုပြုလုပ်သည့်ငွေကြေး - ကျပ် ၊ ယွမ် ၊ ဒေါ်လာ
၆။ အများဆုံးပို့ဆောင်သောကုန်ပစ္စည်း - တစ်သျှူး ၊ ငှက်ပျော၊ ပြောင်း၊ ဖရဲသီး ၊ရာဘာ
၇။ အများဆုံးတင်သွင်းသည့် ကုန်ပစ္စည်း - ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးအိမ်သုံးပစ္စည်းများ၊
၈။ ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေးများ
မြစ်ကြီးနား - ကန်ပိုက်တီး - (၈၈) မိုင်
ကန်ပိုက်တီး - ဟေးရိထန် - ( ၆ ) မိုင် (နယ်စပ်ဝင်/ထွက်ဂိတ်)
ကန်ပိုက်တီ - ထိန်ခြုံး - (၇၁) မိုင်
၉။ ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ