ကုန်သွယ်ရေးဦးစီးဌာန၏ သမိုင်းကြောင်း

၁။    နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ၁၉၉၆ ခုနှစ်တွင် ယခင်မြန်မာ့ထုတ်ကုန်၊ သွင်းကုန် လုပ်ငန်းအား လုပ်ငန်းလိုအပ်ချက်များအရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းပြီးနောက် နယ်စပ်ဒေသများတွင် ကုန်သွယ်မှုစခန်းများ ဖွင့်လှစ်၍ အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်မှုများကို တိုးမြှင့်အောင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၏ (၂၈-၈-၁၉၉၆) ရက်စွဲပါစာအမိန့်ကြော်ငြာစာဖြင့် နယ်စပ်ကုန်သွယ် ရေးဦးစီးဌာနကို အဆင့်(၁)ဦးစီးဌာနအဖြစ်ဖွဲ့စည်းပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။
၂။    (၂၉-၇-၁၉၉၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့၏ အစည်း အဝေးအမှတ်စဉ် (၂၇/၁၉၉၉)သဘောတူဆုံးဖြတ်ချက်အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို အရာထမ်း (၁၁၉)ဦး၊ အမှုထမ်း(၅၆၉)ဦး၊ စုစုပေါင်း(၆၈၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်ရန် လုပ်ငန်းလိုအပ်ချက်အရ ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့၏ ၂၀၀၇ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၉/၂၀၀၇)အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူ ဆုံးဖြတ်ချက်အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို အရာထမ်း(၁၂၅)ဦး၊ အမှုထမ်း(၅၆၃)ဦး၊ စုစုပေါင်း (၆၈၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၃။    ထို့အပြင် လုပ်ငန်းလိုအပ်ချက်အရ ၂၀၁၀ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့ အစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် (၂၃/၂၀၁၀)မှ အရာထမ်း(၁၅၁)ဦး၊ အမှုထမ်း(၆၂၈)ဦး၊ စုစုပေါင်း(၇၇၉)ဦးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။
၄။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများကို နိုင်ငံ တကာနှင့်အညီ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေး ဥပဒေများနှင့်အညီ ရေးဆွဲပြဌာန်းကြီးကြပ်ခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရေး ကြီးကြပ်ဆောင်ရွက်ခြင်းနှင့်ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လက်ရှိ ကျင့်သုံးနေသည့် လုပ်ငန်းဆောင်ရွက်ချက်များကို ခေတ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား ယခင်ဖွဲ့စည်းထားသောဌာနကြီး(၃)ခုကို အခြေခံ ၍ ဦးစီးဌာနကြီး (၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၁၅-၃-၂၀၁၃)ရက်နေ့  အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၁၃)၊  (၂၆/၂၀၁၃)အရ 
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအား ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန အမည်သစ် ဖြင့် ထပ်မံပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
၅။    ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် (၂/၂၀၁၅)မှ သဘောတူခွင့်ပြုချက်ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏(၃၁-၃-၂၀၁၅)ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၃၂/၂၀၁၅)အရ ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနအား ကုန်သွယ်ရေးဦးစီးဌာနအမည်သစ်ဖြင့် အရာထမ်း (၂၉၈)ဦး၊ အမှုထမ်း(၁၅၉၈)ဦး၊ စုစုပေါင်း (၁၈၉၆)ဦး ပြင်ဆင်ဖွဲ့စည်းခဲ့၍ လုပ်ငန်းများဆောင်ရွက်လျက် ရှိပါသည်။ 

 

ကုန်သွယ်ရေးဦးစီးဌာန၏ ဆောင်ပုဒ် (Motto)

“ကုန်သွယ်ဖွံ့ဖြိုး ပြည်သူ့အကျိုး”

Enhancement of Trade, benefits for the people

 

ကုန်သွယ်ရေးဦးစီးဌာန၏ မျှော်မှန်းချက် ( Vision )

“ ကုန်သွယ်မှုဖြင့်အမျိုးသားအကျိုးစီးပွားကို တိုးတက်မြင့်မားစေရန်

To advance national interests through trade

 

 

ကုန်သွယ်ရေးဦးစီးဌာန၏ ရည်မှန်းချက် ( Mission )


၁။    ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းမွန်စေရေးနှင့် မှန်ကန်မျှတသော ကုန်သွယ်မှုစနစ် ဖြစ်စေရေး ထိန်းညှိဆောင်ရွက်ရန်။
၂။    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်ရန်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်စေမည့် လုပ်ငန်းစဉ် များကိုဖြေလျှော့၍ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးရန်။
၃။    ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြု၍ ပံ့ပိုးကူညီရန်။
၄။    နိုင်ငံစုံနှင့်ဒေသတွင်းကုန်သွယ်မှုစနစ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေးများ တိုးမြှင့်တည်ဆောက်ရန်။
၅။    ကုန်သွယ်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်  အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်။
ကုန်သွယ်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ
၁။    ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသောတန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ခြင်း။
၂။    ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခြင်း။
၃။    ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့၊ အစုအဖွဲ့၊ ဇုန်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း။
၄။    အထူးစီးပွားရေးဇုန်များနှင့် ပို့ကုန်အခြေပြုစက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း။
၅။    နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အထောက်အကူဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးအတွက် Digital Trade လုပ်ငန်းစဉ်များကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ဆောင်ရွက် ခြင်း။
၆။    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ကုန်သွယ်မှု ဆိုင်ရာသဘောတူညီချက်များနှင့်အညီလိုက်လျောညီထွေစွာအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၇။    နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့်နိုင်ငံပေါင်းစုံအဆင့်တို့တွင် ထိရောက်အကျိုးရှိသည့် ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခြင်း။

 


 ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ
အစည်းအဝေးတက်ရောက်နေမှု မှတ်တမ်းဓာတ်ပုံ

 


 


ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ အစည်းအဝေးတက်ရောက်နေမှု မှတ်တမ်းဓာတ်ပုံများ

 


ကုန်သွယ်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနေမှု မှတ်တမ်းဓာတ်ပုံ