ပြည်တွင်းကုန်သွယ်မှု

Post date: 04/06/2012

ယခုအပတ် ပြည်ဈေးကွက်မှာ နှမ်းနီဈေးငြိမ်နေပြီး၊ နှမ်းနက်ဈေး အနည်းငယ် ကျလာတာတွေ့ရပါတယ်။ နှမ်းနီကို ဆီစက်သမားများက ဆီကြိတ်ရန် ပုံမှန်အဝင် ရှိပြီး၊ နှမ်းနက်ကို ပြည်ပတင်ပို့ဖို့ အဝယ်သိပ်မရှိသဖြင့် နှမ်းနက်ဈေးမှာ

Post date: 01/06/2012

            ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈၇)သန်းကျော်၊ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၄၅၁)သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် ကာလတူထက်တန်ဖိုး(၁၄၆)သန်းကျော် ပိုမိုတိုးမြှင့် တင်ပို့ခဲ့သည်ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှုမှ နေ၍ (၁၃၈)သန်းကျော် ၊ ပုစွန်တင်ပို့မှုမှ (၉)သန်းကျော်၊ အခြားရေထွက်ပစ္စည်းတင်ပို့မှုမှာ (၁၆)သန်းကျော် အသီးသီး တိုးမြှင့်တင်ပို့နိုင်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ငါးတင်ပို့မှုဈေးကွက်အနေဖြင့် ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ (၅၃.၁၉%) ဖြင့် ပထမအများဆုံး၊ ကူဝိတ်နိုင်ငံသို့ (၁၄.၁၄%)ဖြင့် ဒုတိယအများဆုံး ၊ ဆောဒီအာရေးဗီးယားနိုင်ငံသို့ (၇.၇၀%)ဖြင့် တတိယအများဆုံး၊ စင်္ကာပူနိုင်ငံသို့ (၆.၁၈%)ဖြင့် စတုတ္ထအများဆုံး၊ ယူအေအီးနိုင်ငံသို့ (၅.၆၇%)ဖြင့် ပဉ္စမအများဆုံး၊ မလေးရှားနိုင်ငံသို့ (၅.၀၁%)ဖြင့် ဆဌမအများဆုံး အသီးသီးတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရေချို ငါးတင်ပို့မှုအနေဖြင့် ယခင်နှစ်ကာလတူထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ရေချိုငါးအမျိုးအစားများတွင် အဓိကအများဆုံး တင်ပို့နေသော ငါးမြစ်ချင်းအား အရှေ့အလယ်ပိုင်း ဈေးကွက်ဖြစ်သည့် ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့ အများဆုံးတင်ပို့လျှက်ရှိပါသည်။ ယခုအချိန်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေပြီး ဝယ်လိုအား ကျဆင်းလျှက်ရှိနေခြင်း၊ ပြည်တွင်းငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့် ငါးများ ဈေးကွက်အတွင်း ဝင်ရောက်လာမှု များပြားနေသောကြောင့် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေသဖြင့် ဈေးကွက်ငြိမ်သက်ပြီး ရေချိုငါးတင်ပို့မှု အနည်းငယ်လျော့ကျလာနိုင်ပါသည်။ ရေချိုငါးမွေးမြူရေးအနေဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့ နိုင်ပြီး ကာလရှည်မွေးမြူရသည့် ငါးမြစ်ချင်းတစ်မျိုးတည်းကိုသာ အဓိကထား မွေးမြူခဲ့ကြသဖြင့် အရှေ့အလယ်ပိုင်း ဈေးကွက်မှ ဝယ်လိုအား လျော့နည်းလာချိန်တွင် ငါးမွေးမြူသူများအခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ယခုအချိန်တွင် ရေချိုငါး ထုတ်လုပ်တင်ပို့ရောင်းချသူ ကုမ္ပဏီလုပ်ငန်းရှင်းများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပူးပေါင်း၍ ဈေးကွက်အမျိုးမျိုးမှ ကြိုက်နှစ်သက်ပြီး ကာလတိုမွေးမြူနိုင်၍ ဈေးကောင်းရရှိသော ကကတစ်၊ တီလားဗီးယားနှင့် ငါးရံ့တို့အား ပြောင်းလဲ မွေးမြူ၍ ခိုင်မာသည့်ဈေးကွက်တစ်ခု တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ ရေငန်ငါး တင်ပို့မှုအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံ များသို့ အဓိကထားတင်ပို့လျှက်ရှိပါသည်။ ရေလုပ်ငန်းကဏ္ဍ အတွက် တိုးတက်ဆောင်ရွက်နိုင်မည့် အလားအလာများရှိနေပြီး ငါးတင်ပို့မှုဈေးကွက်ကြီးဖြစ်သည့် ဥရောပဈေးကွက် အား ထိုးဖောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အားသာချက်နှင့် အလားအလာကောင်းများ ရှိနေပြီးဖြစ်သဖြင့် ရှေ့ဆက်၍ မြန်မာ့ရေထွက်ပစ္စည်း တင်ပို့နိုင်မှုကဏ္ဍမှနေ၍ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးမြှင့်ရှာဖွေပေးနိုင်မည်ဖြစ် ပါသည်။

                                                                                                                                                              မောင်မောင်လွင် (ပို့ကုန်)



 

Post date: 31/05/2012

ပြည်ပဲပုပ်ဈေးမှာ တစ်တင်းကို ၁၆၀၀၀ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်ကို ပဲပြား ပြုလုပ်ဖို့အတွက် ပဲပြားလုပ်ငန်းများမှလည်း အဝယ်ရှိကြောင်း သိရပါတယ်။ ပဲပုပ်ကို တစ်နေ့ ၄-၅ အိတ်သာ အရောင်းအဝယ်ဖြစ်ပြီး၊

Post date: 31/05/2012

ပြည်ဈေးကွက်ကို ဘိုကိတ်ပဲများ အဝင်ပါးလာပြီလို့ သိရပါတယ်။ အဝင်ပါးလာတာကြောင့် လက်ကျန်ပဲများ နဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြို့နယ်များမှ အဝင်ပါးလာသလို အရောင်းအဝယ်လည်းပါးနေတာကို တွေ့ရပါတယ်။ အရောင်းအဝယ်ပါးနေသော်လည်း

Post date: 31/05/2012

ပြည်ပဲစင်းငုံဈေးမှာ ယခုတစ်ပတ်မှာ ပိဿာ ၂၀ တစ်တင်းကို ၁၃၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို မကွေးရှိမြို့နယ်များမှ တစ်ခါတစ်ရံအဝင်ရှိကြောင်း သိရပါတယ်။ တစ်ခါဝင် အိတ် ၂၀၀ မှ ၃၀၀ အတွင်း အဝင်ရှိတယ်လို့

Post date: 31/05/2012

ကယားပြည်နယ်ရဲ့ ၂၀၁၂ ခုနှစ်၊ မိုးစပါးမှာ ပုလဲသွယ် ှ၁ စပါးမျိုးဧက ၂၀၀ စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ သိရပါတယ်။ ပုလဲသွယ် S1  ဧက ၂၀၀ ကို လွိုင်ကော်မြို့နယ်မှာ ၉၄ ဧက၊ ဒီမော့ဆိုမြို့နယ်မှာ ၁၀၀ ဧကနဲ့

Post date: 31/05/2012

ယခင်တစ်ပတ်က ပြည်ပဲဈေးကွက်မှာ ပဲတစ်တင်းကို ၁၂၁၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ် ၁၂၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲအဝင်ပါးလာခဲ့ပြီး ဝက်ထီးကန်၊ ပန်းတောင်းဘက်မှသာ အနည်းငယ်အဝင်ရှိပြီး၊

Post date: 29/05/2012

ဟင်္သာတဈေးကွက်အတွင်းအစေ့ထုတ်ပြောင်းများ အဝင်လှိုင်သလို အရောင်း လည်း သွက်လာပါတယ်။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်း ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၆၃၀၀ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ထက်

Post date: 28/05/2012

ကုလားပဲရိုးရိုးနဲ့ ကုလားပဲဖြူလုံးကြီးများမှာ ရောင်းဝယ်မှုကောင်းသလို၊ တင်ပို့မှု လည်း  အားကောင်းနေပါတယ်။ မေ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲစုစုပေါင်း တန်ချိန် ၆၀၀၀ နီးပါးတင်ပို့မှုရှိခဲ့ပြီး တင်ပို့တဲ့ အဓိကနိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ

Post date: 28/05/2012

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မြန်မာနိုင်ငံဆန်စပါးအသင်းရုံးတွင် မေ ၁၉ ရက်မှာ နွေစပါးဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ တယ်။ထိုအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေး ဒုတိယဦးစီးမှူး၊ ကုန်သွယ် လယ်ယာ ခရိုင်မန်နေဂျာ၊ မြို့နယ်နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးလုပ် ငန်း ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ နွေစပါးရောင်းချ လိုတဲ့

Pages