ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၁၇-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၇၅၇၅၂.၃၃၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂၇.၉၅၅)သန်း၊ နယ်စပ်မှ (၁၅၄၇၇.၅၁၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၅၁၂)သန်း၊ စုစုပေါင်း (၂၉၁၂၂၉.၈၅၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၄၂.၄၆၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂(Mini Budget) (၁၇-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်
(၁၇-၁၂-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၁၂၀.၅၅၇ ၃.၇၉၇ ၁၂၄.၃၅၄
ကီလို ၁၄၁၂၂၅.၂၅၂ ၃၅၁၀.၁၄၇ ၁၄၄၇၃၅.၃၉၉
  ပဲတီစိမ်း US$ ၅၅.၆၀၃ ၀.၉၆၁ ၅၆.၅၆၄
ကီလို ၆၆၂၂၅.၉၅၆ ၁၅၁၃.၂၆၈ ၆၇၇၃၉.၂၂၄
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၃၄ ၀.၀၃၄
ကီလို   ၃၂.၀၀၀ ၃၂.၀၀၀
  ပဲစဉ်းငုံ US$ ၂၀.၁၆၁ ၀.၀၀၀ ၂၀.၁၆၁
ကီလို ၂၉၁၇၆.၇၅၇ ၀.၀၀၀ ၂၉၁၇၆.၇၅၇
  ကုလားပဲ US$ ၁.၀၀၆ ၀.၀၀၀ ၁.၀၀၆
ကီလို ၁၄၄၅.၈၀၄ ၀.၀၀၀ ၁၄၄၅.၈၀၄
  ပဲလွန်းဖြူ US$ ၁.၉၃၄ ၀.၀၁၅ ၁.၉၄၉
ကီလို ၂၀၉၃.၀၆၆ ၃၂.၂၅၀ ၂၁၂၅.၃၁၆
  မြေထောက်ပဲ US$ ၃.၇၁၆ ၀.၀၂၁ ၃.၇၃၇
ကီလို ၄၈၆၄.၇၇၂ ၃၃.၀၀၀ ၄၈၉၇.၇၇၂
  ထောပတ်ပဲ US$ ၀.၈၇၈ ၀.၀၀၀ ၀.၈၇၈
ကီလို ၁၄၈၆.၀၁၀ ၀.၀၀၀ ၁၄၈၆.၀၁၀
   ပဲယင်း US$ ၆.၃၅၈ ၀.၀၀၀ ၆.၃၅၈
ကီလို ၉၈၃၂.၃၃၉ ၀.၀၀၀ ၉၈၃၂.၃၃၉
  ၁၀ ပဲကြီး US$ ၀.၁၄၃ ၀.၀၀၀ ၀.၁၄၃
ကီလို ၂၅၃.၇၀၈ ၀.၀၀၀ ၂၅၃.၇၀၈
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၄၆၈   ၀.၄၆၈
ကီလို ၇၅၈.၈၁၉   ၇၅၈.၈၁၉
  ၁၂ စွန်တာပြာ US$ ၀.၁၇၅ ၀.၀၀၀ ၀.၁၇၅
ကီလို ၂၈၈.၉၉၀ ၀.၀၀၀ ၂၈၈.၉၉၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၂၀ ၀.၀၀၀ ၀.၀၂၀
ကီလို ၂၈.၀၀၀ ၀.၀၀၀ ၂၈.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၀.၇၈၈ ၀.၀၀၀ ၀.၇၈၈
ကီလို ၁၁၅၉.၉၁၅ ၀.၀၀၀ ၁၁၅၉.၉၁၅
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀  
  ၁၇ ပဲနီကြား US$   ၀.၀၃၈ ၀.၀၃၈
ကီလို   ၉၅.၀၀၀ ၉၅.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၃၆၅ ၀.၃၆၅
ကီလို   ၄၃၅.၀၄၀ ၄၃၅.၀၄၀
  ၂၀ မြေပဲဆံ US$ ၁၆.၀၇၄ ၉.၂၈၁ ၂၅.၃၅၅
ကီလို ၁၆၈၁၅.၃၈၅ ၉၈၂၆.၈၁၂ ၂၆၆၄၂.၁၉၇
  ၂၁ အခြားပဲ US$ ၀.၀၇၄ ၀.၀၀၀ ၀.၀၇၄
ကီလို ၉၇.၅၆၀ ၀.၀၀၀ ၉၇.၅၆၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၂၂၇.၉၅၅ ၁၄.၅၁၂ ၂၄၂.၄၆၇
ကီလို ၂၇၅၇၅၂.၃၃၃ ၁၅၄၇၇.၅၁၇ ၂၉၁၂၂၉.၈၅၀
Source: Customs

Pages