နယ်စပ်ကုန်သွယ်မှု

Post date: 19/12/2011

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၉၆၉ သန်း တန်ဖိုးရှိ ငါးရှဉ့် တန် ၁၄၀ ကျော်နဲ့ ရေငန် ငါးမျိုးစုံ တန် ၁၃၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က လည်း ရေထွက်ကုန် တင်ပို့မှုမှာ တန် ၂၇၅ တန် ရှိခဲ့ရာ ယခုအပတ်ရေထွက်ကုန်တင်ပို့မှုပမာဏမှာ

Post date: 13/12/2011

နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်  နယ်စပ်ရှိ မောင်တောစခန်းကနေ ရေထွက်ကုန် ၃၀၄ ဒသမ ၇၁၈ တန်၊ တန်ဖိုး ကန်ဒေါ် လာ ၁ ဒသမ ၀၂၉ သန်းဖိုး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် နယ်စပ်မှ ငါးရှဉ့်တစ်မျိုးသာ တင်ပို့နိုင်ခဲ့တာကြောင့်

Post date: 13/12/2011

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း ဝက်အရှင် ၁၀၃၈၀ ကီလို၊တန်ဖိုး ကျပ်၁၄ဒသမ ၂၂၁ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ် ထက် ကီလို ၁၀၀ ခန့်

Post date: 07/12/2011

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ  ကန်ဒေါ်လာ ၂ ဒသမ ၃၄၃ သန်း တန်ဖိုးရှိ ပရဆေး (၁၃) မျိုး ၅၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က  တန် ၄၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခု တပတ်တင်ပို့မှု တန် ၁၀၀ ကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့ အမယ်တွေကတော့ 

Post date: 07/12/2011

နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ တိရစ္ဆာန်ထွက်ကုန် တန် ၂၅၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၇၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀ ခန့်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ အမယ်တွေ ကတော့

Post date: 24/11/2011

ယူနန်ပြည်နယ် ကုန်သည်အသင်း (YPCC ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI )  တို့အကြား စီးပွားကုန်သွယ်မှု လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ရာ တတိယအကြိမ် Economic Cooperate  Forum    အစည်းအဝေးကို ယူနန်ပြည်နယ် ရွှေလီမြို့၌ ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ

Post date: 24/11/2011

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့ချုပ်ဆိုခဲ့တဲ့ မြန်မာ-တရုတ် နယ်စပ်ဒေသများစီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် ၁၉၉၇ အရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲနဲ့  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးများကို ၂၀၀၁ ခုနှစ်မှစပြီး နှစ်နိုင်ငံအလှည့်ကျ ကျင်းပလျက်ရှိပါတယ်။ ယခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရမဲ့ အလှည့်ဖြစ်ပြီး

Post date: 09/11/2011

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်ထိ ၄ ရက်ကြာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရွှေလီမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက သတင်းရရှိပါတယ်။ ဒီကုန်စည်ပြပွဲဟာ (၁၁) ကြိမ်မြောက် ကျင်းပတဲ့ပွဲဖြစ် ပါတယ်။တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲမှာ ပါဝင်ပြသလိုသူများအနေနဲ့ ညွှန်ကြားရေးမှူး ကုန်သွယ်မှု မြှင့်တင်ရေးဌာနခွဲ ၊ ဖုံးအမှတ်-၀၆၇-၄၀၈၁၆၉ ၊ ၀၆၇-၄၀၈၃၂၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။ကုန်စည်ပြပွဲမှာ ပါဝင်ပြသကြမယ့် ပြပွဲပစ္စည်းများရဲ့  Packing List   နဲ့ Invoice   များကို ပြပွဲပစ္စည်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဌ ပို့ကုန်ဌာန ညွှန်ကြားရေးမှူး ၀၆၇-၄၀၈၁၆၉ သို့ ဆက်သွယ်ပေးပို့ ရမှာဖြစ်ပါတယ်။ ပါဝင်ပြသမဲ့ ပစ္စည်းစာရင်းများကိုတော့ နိုဝင်ဘာလ (၁၀) ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာ ဖြစ်ပြီး Invoice  နဲ့  Packing List များ ပြုစုရာမှာ ဒေါ်လာနဲ့ တန်ဖိုးသင့် ဖော်ပြပေးရန်နဲ့ တရုတ်ဘာသာနဲ့ ပြုစုပါ ကလည်း လုပ်ငန်းပိုမိုအဆင်ပြေလွယ်ကူစေမယ်လို့ သိရပါတယ်။ ပြပွဲမှာပြသမဲ့ ပစ္စည်းများ တစ်ဖက်နိုင်ငံသို့တင်ပို့ စဉ်မှာ အခွန်အကောက်တစ်စုံတစ်ရာ ကောက်ခံခြင်းပြုမှာမဟုတ်ကြောင်းနဲ့ အမှန်တကယ် ရောင်းချမှုအပေါ်မှာ    ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကန့်သတ် တားမြစ်ထားတဲ့ ပစ္စည်းများမပါဝင်စေရေးနဲ့ Open General Licence(OGL)   ကို ၂ ပတ်ကြိုတင်ဆောင်ရွက်ရမှာဖြစ်လို့ လုပ်ငန်းအဆင်ပြေချောမွေ့စေရေး စာရွက်စာတမ်းများ ပြည့်ပြည့်စုံစုံ အချိန်မီပေးပို့ကြရန် လိုအပ်ကြောင်း စုံစမ်းမေးမြန်းလိုပါက ဖုန်းအမှတ်-၀၆၇-၄၀၈၂၈၁ သို့ ဆက်သွယ် နိုင်တယ်လို့ သိရပါ တယ်။ ရန်ကုန်မှ တင်ဆောင်သွားမယ့် ပြပွဲပစ္စည်းများကို နိုဝင်ဘာလ ၂၅ မှ ၂၈ ရက်ထိကာလအတွင်း နာဂလှိုင်ဂူ သိုလှောင်ရုံမှာလည်းကောင်း၊ ရေထွက် ကုန်များကို အဆိုပါကာလအတွင်းမှာဘဲ အလုံအအေးခန်းမှာလည်းကောင်း စစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။မန္တလေးက တင်ဆောင်မယ့် အဖွဲ့တွေ ကိုတော့ ၂၈-၁၁-၂၀၁၁ မှ ၃၀-၁၁-၂၀၁၁ ထိကာလအတွင်းမှာ စစ်ဆေးပေးမယ်လို့ သိရပါတယ်။ ပြပွဲမှာသွားရောက်ပြသကြမယ့် လုပ်ငန်းရှင် ကုမ္ပဏီများ အနေနဲ့ သက်ဆိုင်ရာ ဌာနများ (သစ်တော/ကျောက်မျက်) ရဲ့ထောက်ခံချက်များ ရယူရမယ့်ကိစ္စကိုလည်း ကုန်စစ်ဆေး ခံယူခြင်း မပြုမီ ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် အသိပေးလိုက်ရပါတယ်။ယခုနှစ်ကုန်စည်ပြပွဲဟာ ထူးခြားမှုရှိနေတယ်လို့ သတင်းတွေကြားတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ကိုမေးမြန်းစုံစမ်းကြည့်ရာမှာတော့ မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားစေရေး၊ ဈေးနှုန်းမြင့်မားစွာ ရရှိစေရေး၊ ကုန်သွယ်မှုမြှင့်တင် ရေးရည် ရွယ်ပြီး ကုန်စည်ဒိုင်များစာတန်းဖတ်ပွဲကို ဒီဇင်ဘာလ ၃ ရက်မှ ၅ ရက်အထိ မူဆယ်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးမှကြီးမှူး၍ လည်း ကောင်း (Economic Cooperate Forum ကိုရွှေလီတွင် ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ  UMFCCI မှကြီးမှူး၍လည်းကောင်း၊ ကျင်းပသွားမယ့် အစီ အစဉ်များပါရှိတယ်လို့သိရှိရပါတယ်။ ကုန်စည်ပြပွဲနဲ့အတူ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်း ရေးကော်မတီ (Joint  Border Trade Cooperation  & Coordination  Committee-JBTCCC)  အစည်းအဝေး၊ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပွဲများလည်း ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။
ချမ်းမြေ့မောင်  (MIRT)

Post date: 07/10/2011

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၇၁၆သန်း တန်ဖိုးရှိ ကြိမ် ၇၈ တန်ကျော် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ်မှာ

Post date: 05/10/2011

ယခုလအတွင်း ယခင်လကဲ့သို့ မိုးကောင်းခဲ့သော်လည်း မိုးမများတဲ့အတွက် ပို့ကုန်များသွက်သွက် လက်လက်အပို့ရှိသလို သွင်းကုန်ပိုင်းမှာလည်း ဓါတ်မြေသြဇာများကို မြင်းများနဲ့ သယ်ဆောင်နိုင်ခဲ့ခြင်း နိုင်ငံ တော်မှပို့ကုန်အပေါ် ကောက်ခံနေ သော ကုန်သွယ်လုပ်ငန်းခွန်များ လျော့ချပေးခဲ့ခြင်းတို့ကြောင့်

Pages