အမိန့်ကြော်ငြာစာများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ပသို့ တင်ပို့သည့် သို့မဟုတ် ပြည်ပမှ တင်သွင်းသည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီတို့၏ အရည်အသွေးသတ်မှတ်သည့် အမိန့်အမှတ်၊ ၅/၂၀၂၂ ကို အောက်ပါ PDF File တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
ကုန်စည်လိုင်းများကို သွင်းကုန်စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် ယခင်က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၀ ပါ ကုန်စည်လိုင်း (၃၉၃၁)လိုင်း၊ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ၊ (၁/၂၀၂၂)၊ (၂/၂၀၂၂) ၊ (၅/၂၀၂၂) တို့ဖြင့် ထုတ်ပြန်ထားသည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
Republic of the Union of Myanmar 2021, the National Planning and Administration Council appointed the Central Committee on Patents by Decree No. 308/2021. It was organized on September 30.
သွင်းကုန်လိုင်စင်ကြေးအား (၁)စောင်လျှင် ကျပ် သုံးသောင်းနှုန်းဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလမှစ၍ ပြောင်းလဲကောက်ခံခြင်းကို အမိန့်ကြော်ငြာစာများ အသီးသီးထုတ်ပြန်၍ ဆောင်ရွက်ပေးခဲ့ပါသည်။ ထပ်မံ၍ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ထုတ်ပြန်ကြေညာသည့် အမိန့်ကြော်ငြာစာ
၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစ၍ လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ပြောင်းလဲကောက်ခံလျက်ရှိရာ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အမိန့်ကြော်ငြာစာများဖြင့် အဆင့်ဆင့် ဖြေလျှော့ခဲ့ပြီးဖြစ်ပါသည်။ ယခု ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ကာလထပ်မံတိုးမြှင့်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်းဖြစ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ်၊ ၃၀/၂၀၂၁
သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ဖြင့်လည်းကောင်း ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၂၀ဖြင့်လည်းကောင်း၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ်၊ ၁၃/၂၀၂၁ အထိလည်းကောင်း ထပ်မံ၍ ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ယခု ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။
ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကာလတိုအတွင်း ပြည်တွင်းတွင် အသုံးမတည့်သောစက်ပစ္စည်းများ စုပုံနေခြင်းမှကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်အပြင် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည်တိုး တက်စေရန်တို့အတွက် ပြန်လည်ပြုပြင်ထားသောစက်ပစ္စည်း (Reconditioned Machine) တင်သွင်းခွင့်ပါ သတ်မှတ်ချက်များအား ပြင်ဆင်ဖြည့်စွက်၍ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ
သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ဖြင့်လည်းကောင်း ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် လိုက်သည်။
အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သည့် လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများမှ ကုန်စည်လိုင်း (၆၈၉)လိုင်းအား လိုင်စင်မလိုသောကုန်စည်လိုင်းအဖြစ် ဖြေလျှော့ပြီး ကျန်ရှိသည့် ကုန်စည်လိုင်း (၃၉၃၁)လိုင်းအား လိုင်စင်လျှောက်ထားရန် လိုသောကုန်စည်စာရင်းအဖြစ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ