မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မကွေးမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံး သူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၊ ဈေးများတွင် အပတ်စဉ်စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးဟောပြော ပွဲများ ကျင်းပလျက်ရှိရာ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့နံနက် ဝ၉ း ၃၀တွင် မကွေးမြို့ မြို့ဦးရပ်အမှတ် (၂) အထက်တန်းကျောင်းရှိ ကံကော်ခန်းမတွင် စားသုံးသူအကာအ ကွယ်ပေးရေး ဆိုင်ရာ ပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်ဟု သတင်း ရရှိပါသည်။

အာဆီယံမှ ပထမအကြိမ်အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကျင်းပသွားမည်

 

အာဆီယံနိုင်ငံများသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့မှ (၉) ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ပထမအကြိမ် အာဆီယံစားသုံးသူ ကာကွယ်ရေးညီလာခံကို ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းMobile Team မှ သိမ်းဆည်းရမိ ဝက်ခေါက်အကြမ်းများ အဖွဲ့ ဖွဲ့ဖျက်ဆီးလိုက်ပြီ

 

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ထုတ်နုတ် Mobile Team အဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့  ၁၅ း ၀၀ ချိန်က သိမ်းဆည်းရမိခဲ့တဲ့ ဝက်ခေါက်များကို အဖွဲ့စုံပါဝင်သော ဖျက်ဆီးရေးအဖွဲ့ ဖွဲ့စည်းပြီး နိုဝင်ဘာလ၂၉ ရက်နေ့က မီးရှို့မြေမြှုပ် ဖျက်ဆီး ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ ဝက်ခေါက်အကြမ်းမှာ အလေးချိန်အားဖြင့် ၂၅၀ ကီလိုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ ဒသမ ၅၀၀ သိန်းရှိတယ်လို့ သိရပါတယ်။ အဖွဲ့မှာ ကူးသန်းဦးစီး၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သည်အသင်း ၊ မြဝတီ သတင်းထောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။