Mobile Team နှင့် စားသုံးသူအကာအကွယ်ပေးရေး
Mobile Team လရ-၁ အဖွဲ့သည် နောင်ချိုမြို့၊ Asia World Toll Gate အနီးအခြေပြုလျက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေမှ ဒီဇင်ဘာလ ၄ ရက်နေ့ထိ ၁၂ ရက်တာ ကာလအတွင်း ဖမ်းဆီးရမိမှု အမှုတွဲ (၄၄) မှုရှိခဲ့ပြီး ဖမ်းဆီးရမိ ခန့်မှန်းတန်ဖိုးကျပ် ၅၉၄ သိန်း ကျော်ရှိခဲ့ပါတယ်။ အဲဒီကျပ် ၅၉၄ သိန်းကျော်မှာ အများပြည်သူများ စားသုံး ရန်မသင့်တဲ့ ကျန်းမာေ ရး ဝန်ကြီး ဌာနမFDAထောက်ခံချက်မရှိသော စားသောက်ကုန်များ တားဆီးဖျက်ဆီးမှုအနေဖြင့် တန်ဖိုး ကျပ် ၂၁၂ သိန်းကျော်ပါဝင်တဲ့ အတွက် ဖမ်းဆီးရမိ တန်ဖိုးရဲ့ သုံးပုံတစ်ပုံ ကျော်ပါဝင်နေတာ ကိုတွေ့ရှိရပါတယ်။ ဒါကြောင့် အများပြည်သူ ကျန်းမာရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နေတယ် ဆိုတာကို ပေါ်လွင်ထင်ရှားစေပါတယ်။ တားဆီးဖျက်ဆီးခဲ့တဲ့ စားသောက်ကုန်များမှာ အေးခဲကြက်ဆီဘူးများ၊ အေးခဲ အသားတုများ (ဒေသအခေါ်ပင်လယ်စာ)၊ အစပ်ချောင်း၊ ကြက်အူချောင်းများ၊ ကြာရှည်ခံစေရန် ပြုလုပ်ထားသည့် အသီး၊ အရွက်ချဉ်ဖတ်အမျိုးမျိုးနှင့် ကြက်မြစ်ကြက်သည်းများဖြစ်ပါတယ်။
မြန်မာလူမျိုး များအနေဖြင့် ကြက်အသည်း အမြစ်ကို တန်ဖိုးထားစားသုံးတဲ့အပြင် ကြက်ဆီဘူးကိုလဲ နှစ်သက်စွာ စားသုံးလေ့ရှိပါတယ်။ နိုင်ငံတကာမှာတော့ အသားသန့်သန့်ကိုသာ စားသုံးကြပြီး ဝမ်းတွင်းသားဖြစ်သည့် အသည်းအမြစ်၊ ကလီစာ၊ ဆီဘူးတို့ကို အညစ်အကြေး ပစ္စည်းများအဖြစ် သတ်မှတ်ပြီး စွန့်ပစ်ကြတယ်လို့သိရပါတယ်။ အခြားနိုင်ငံများက စွန့်ပစ်ပစ္စည်း (အမှိုက်) များကို မြန်မာတွေက တန်ဖိုးထား စားသုံးနေတာဟာ ကျန်းမာရေးအသိအမြင် နည်းပါးနေသေး တယ်လို့ ထင်မြင်မိပါတယ်။
ဖမ်းဆီးရမိ ခဲ့တဲ့တန်ဖိုးတွေ ထဲမှာနိုင်ငံတော်က တင်ပို့ခွင့်မပြု ကန့်သတ်ပိတ်ပင်ထားတဲ့နိုင်ငံတော် အတွက်လည်း အရေးပါတဲ့အမဲသားအပြင် သစ်တောထွက် ရှားပါးပစ္စည်း မျိုးတုန်းပျောက်ကွယ်လု ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ သစ်ခွပန်း အစို၊ တမလန်းသစ် တို့ကိုလည်း သိမ်းဆီးပြီး သက်ဆိုင်ရာ ဌာနတွေဖြစ်တဲ့ စည်ပင်သာယာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ကို လွှဲပြောင်းအပ်နှံပေးခဲ့တဲ့ တန်ဖိုးကျပ်သိန်း၂၀ဝ ကျော် ပါဝင်လို့ နိုင်ငံတော်သယံဇာတကိုလည်း ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ ပါတယ်။
Mobile Team အနေနဲ့ မူလရည်ရွယ်ချက်တွေဖြစ်တဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး၊ စားသုံးသူ အကာအကွယ်ပေးရေးတို့ကို အဖွဲ့ဝင်ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်ပိတ်ရက်မရှိ ၂၄ နာရီအချိန်ပြည့် ကြိုးပမ်း ထမ်းဆောင်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။
မိုးနိုင် ၈၂