မြဝတီနယ်စပ်မှ ရေထွက်ကုန် ပိုမိုတင်ပို့နိုင်ပြီ မြိတ်နဲ့ ကော့သောင်းနယ်စပ်မှ တင်ပို့မှုလျော့
မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေး၊ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများက နိုဝင်ဘာလ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ၂ ဒသမ ၆၂၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၆၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
နယ်စပ်စခန်း များအလိုက် ဆောင်ရွက်နိုင်မှု များမှာ မြဝတီ ကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာဝ ဒသမ ၁၇၉ သန်းတန်ဖိုးရှိ၊ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၇၆တန်ကျော်၊ ကဏန်း၂၉ တန်ကျော်နဲ့ ပုစွန် ၃တန်ကျော် တင်ပို့နိုင်ခဲ့ပြီးယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးက ကန်ဒေါ်လာ ဝ ဒသမ ၄၉၀ သန်းတန်ဖိုးရှိ ရေထွက် ကုန်များဖြစ်သော ငါးမျိုုးစုံ ၄၃၉ တန်နီးပါး ကင်းမွန်တန် ၃၀ ၊ ပုစွန် ၇ တန်နီးပါး၊ ပင်လယ်ငါးရှဉ့် ၃ တန်ကျော်နဲ့ ရေဘဝဲ ၁ တန်နီးပါးတင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၁၅ တန်ကျော်လျော့နည်း တင်ပို့ခဲ့ပါတယ်။ မြိတ်နယ်စပ် ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ဒသမ ၉၅၆ သန်းတန်ဖိုးရှိ၊ ရေထွက်ကုန် များဖြစ်သော ငါးမျိုးစုံ ၁၀၂၅ တန်ကျော်၊ ရေငန်ပုစွန် ၁၅ တန်ကျော်၊ ကင်းမွန် ၅၆ တန်နီးပါး၊ ကဏန်းသေး (သေ)၂ တန်ကျော်၊ သဲကဏန်း ၁တန်ကျော်၊ ငါးမှုန့် တန် ၃၆၀၊ ပုစွန် ခြောက် ၂ တန်ကျော်၊ ကဏန်းပျော့၂၁ တန်ေ ကျာ်၊ ကဏန်းနီ တန် ၆၀ ၊ ငါးအသားလွှာ ၂၄ တန်နဲ့ ကင်းမွန်ခြောက် ၃ တန်နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၅၂ တန်ကျော် လျောနည်းတင်ပို့ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)