ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင်စားသုံး သူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကလိုအပ်ချက်မှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအရင်း အမြစ်ဖြစ်သော စားသုံးသူပြည်သူ များအား နိုင်ငံတော်မှချ မှတ်ပြဌာန်းပေး လိုက်သော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ အခွင့်အရေးနှင့် တာဝန်များကို သိရှိလိုက်နာနိုင်ပြီး အပြည့်အဝရရှိစေရန်၊ အစားအစာ၊ကုန် စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက် နာနိုင်ရန် ရည်ရွယ်၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာန၊ရန် ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဋ္ဌာနနှင့် ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့လည် ၁၃းဝ၀ နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စားသုံးသူ အကာအကွယ် ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲတွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်စိုးမှ စားသုံးမှုနှင့်ပတ် သက်၍ အာဆီယံ စံထားလောက်သည့် အတိုင်းအတာပေါ်မူတည်ပြီး ဆောင်ရန်/ရှောင်ရန်များသိရှိ လိုက်နာနိုင်မှသာ ကိုယ်ကျန်းမာစိတ်ချမ်း သာ၍ သက်တမ်းစေ့နေနိုင် မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ တတ်အားသရွေ့ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသောကြောင့် နိုင်ငံတော်မှချမှတ် ထားသော ရည်မှန်းချက်များ ပိုမိုအောင်မြင် လာမှာဖြစ်ကြောင်း အဖွင့်အမှာစ ကား ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ စားသုံး သူအကာ အကွယ်ပေးရေး ဥပဒေပြ ဌာန်းပြီးဖြစ်၍ ဗဟိုကော်မတီ ဖွဲ့စည်းမှု၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းမှု၊၎င်း အဖွဲ့အောက်တွင်ေ ကာ်မတီနှစ်ရပ်ဖွဲ့စည်းမည့် အခြေအနေနှင့် ဥပဒေပါ အကြောင်း အရာများကို စားသုံးသူပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အားလုံး ရင်းနှီးကျွမ်းဝင်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဋ္ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ အသိ ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ အချက်များအားအသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေပါ အချက်အလက် များဖြင့် ပြည့်စုံစွာဖေါ်ပြ ထားသော စားသောက်ကုန်များကို နမူနာ များနှင့်အတူ ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူပြည်သူများအတွက် အရည်အသွေး စံချိန်စံညွှန်းပြည့်မီသည့် ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုနိုင်ရေးတို့ကို ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ဆက်လက်၍ တိုင်းကျန်းမာရေး ဦးစီးဌာန ကိုယ်စားမြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒေါက် တာ ကျော်ဇင်ပြုံးမှ လုံခြုံစိတ်ချရပြီး အဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ပြည့်စုံသော အစားအ သောက် များဝယ်ယူ သုံးစွဲနိုင်ရေးမှာ အရေးအကြီးဆုံးဖြစ်၍ အားလုံး စေတနာမှန်နှင့် လုပ်ဆောင် ကြရန်လို ကြောင်း၊ ကျန်းမာရေးဋ္ဌာနမှလုပ်ဆောင်နေသော ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်းအမှုထမ်းများ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့်အမှုထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနမှဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်း ကျောင်း များမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ နှင့်ဈေးရောင်းချသူများ၊ မြို့ပေါ်ရပ်ကွက် (၈)ခုမှအုပ် ချုပ်ရေးမှူးများ၊ စားသောက်ကုန် ထုတ်လုပ်ရောင်းချ သူများနှင့် ပြည်သူများစုစုပေါင်း (၇၅) ဦး တက် ရောက်ခဲ့ပါသည်။
ထိုကဲ့သို့ဟောပြောဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် စားသုံး သူအကာအကွယ်ပေးရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာနိုင်ခြင်း၊ ကုန်စည်များဝယ် ယူသုံးစွဲရာ တွင် ဘေးဥပဒ်အန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကုန်ပစ္စည်း များကို ရွေးချယ်ဝယ်ယူနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
စန္ဒာ (စားသုံးသူ)ရန်ကုန်