Department of Trade
ITCကတ်နဲ့ ကုန်သွယ်မှုပမာဏ ဆောင်ရွက်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၆ ရက်ထိ ကျပ်သန်း ၆၃၃၀ ကျော်ရှိ
တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး၊ စားသုံးသူအကာအကွယ်ပေးနိုင်ရေး၊ ရသင့်ရ ထိုက်သော အခွန်အခများရရှိရေး၊ တရားဝင်လမ်းကြောင်းတွင် ကုန်သွယ်သူများအား အကာအကွယ် ပေးနိုင်ရေး၊ နယ်စပ်ဒေသနေ အသေးစား၊ အ လတ်စား ကုန်သည်ငယ်များ တရားဝင်လမ်း ကြောင်းပေါ်မှ ကုန်သွယ်မှုပြုနိုင်ရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trading Carcd -ITC )ထုတ်ပေးပြီး ဆောင်ရွက်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ တာဖြစ်ပါတယ်။
ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒီဇင်ဘာလအတွက်ကုန်သွယ်မှုပမာဏ လျာထားချက် ကို တတိယပတ်အတွင်းမှာပင်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့
ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအ ဝေးကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းအစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အစည်းအဝေးကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ စခန်းတာဝန်ခံ၊ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦး၊ OSS အဖွဲ့ဝင်ဌာနများနဲ့ ကုန်သည်များ စုစုပေါင်း (၂၁) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
အသီးစုံစွာတင်ပို့တာ မူဆယ်နယ်စပ်ပါ
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ၅ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၄၂၆ တန်ခွဲနဲ့ ကန် ကန် ဒေါ်လာ ၂ ဒသမ ၄၅၆သန်း တန်ဖိုးရှိ သခွှားမွှေး ၁၂၀၃၉ တန်ခွဲကို တင်ပို့ခဲ့ ပါတယ်။ လွယ်ဂျယ် စခန်း ကတော့ ကန်ဒေါ်လာ သုညဒသမ ဝ၃၅ သန်းဖိုးရှိ ဖရဲသီး တန် ၂၇၀ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဖရဲ၊သခွားအပြင် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်ကို ကန်ဒေါ်လာ ၁၄၅၅ တန်ဖိုးရှိ အုန်းသီး ၉ တန်ခွဲနှင့် ကန်ဒေါ်လာ ၄၀၈ တန်ဖိုးရှိ ဆီးသီး ၃ တန်ကိုလည်း တင်ပို့နိုင်ခဲ့တာတွေ့ ရပါတယ်။
တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချူပ်ရေး၊ Mobile Team အဖွဲ့၏ အများပြည်သူ စားသုံးရန်မသင့် လျော်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်များအား ဖျက်ဆီးခြင်း
အကောက်ခွန် အမှုတွဲအမှတ် ၁၁/ လရ-၁/နောင်ချို /၂၀၁၄-၂၀၁၅ (၄၈၂)
တရုတ်နိုင်ငံထုတ် ဘီယာ ၁၄၈ ဖာ
ပျက်ဆီးမှုတန်ဖိုး စုစုပေါင်း ၇၄၀ဝဝဝ ( ကျပ်)
တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး၊ Mobile Team အဖွဲ့၏ အများပြည်သူစာသုံးရန် မသင့်လျော်သည့် စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း
မီးရှို့ဖျက်ဆီးခြင်း အမှုတွဲအမှတ် ၁၁/လရ-၁/နောင်ချို / ၂၀၁၄-၂၀၁၅ (၄၅၇)(ခ)
(၁) ကြက်အူချောင်း (1x30kg) ၂၀ဖာ
(၂) အသားတု (1x30kg) ၁ဖာ
