မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့တဲ့ ကြက်သွန်နီ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၈၇၁၂၀ တန်ဖိုးရှိ ကြက်သွန်နီ ၄၈၄ တန်တင်ပို့ ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်မှ ၃၆ တန်၊ စစ်တွေမှ ၃ တန်၊မြဝတီမှ ၃၄၄ တန်ခွဲ တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် မှာ မြဝတီစခန်းတစ်ခုတည်းမှဘဲ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ စခန်းစုံက တင်ပို့ခဲ့တဲ့ ကြက်သွန်နီတန်ချိန် ၁၆၀၅ တန်ခွဲ ရှိခဲ့ပါတယ်။ ဒီနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေက ဝယ်လိုအားရှိပေမဲ့ ဈေးနှုန်းကတော့ ကျနေတယ်။ ဒါကြောင့်ပွဲရုံတွေကလည်း ဈေးနှုန်းနဲ့ ဈေးကွက်ကို ချိန်ဆပြီး ဝယ်နေရတယ်။ လက်ရှိထိပ်စတစ်ပိဿာကို ၄၀ဝ ကျပ်ဆိုပေမဲ့ တောင်သူတွေအနေနဲ့ အကျိုးအမြတ်မရှိသေးဘူး၊ တစ်ပိဿာကို ၆၀ဝ ကျပ်လောက်ဆိုရင်တော့ တောင်သူတွေအကျိုးအမြတ် ခံစားရမယ်လို့ မကွေးမြို့မှ ဒေသခံ ကြက်သွန်နီစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
မော်မော်အောင် MIRT (DCCA)