နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ
စဉ် စခန်းအမည် ယခုသီတင်းပတ် ယခင်သီတင်းပတ် နှိုင်းယှဉ်ချက်
စဉ် စခန်းအမည် ယခုသီတင်းပတ် ယခင်သီတင်းပတ် နှိုင်းယှဉ်ချက်
၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများက ကန်ဒေါ်လာ သုည ဒသမ ၃၂၀ သန်းဖိုးရှိ ရော်ဘာ ၂၃၂ တန်တင်ပို့ခဲ့ရာမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က RSS- 3 ၁၀၂ တန်ကျော်၊ ချင်းရွှေဟော်စခန်းက MSR-50 ၁၅တန်နဲ့ လွယ်ဂျယ်စခန်းက ၁၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ၁၅၇၁ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုသီတင်းပတ်မှာ ၁၃၃၉ တန် လျော့နည်းခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဒီဇင်ဘာလကုန်သွယ်မှုပမာဏ ဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပိုမိုဆောင်ရွက်နိုင်ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ သုည ဒသမ ဝ၉၂ သန်း တန်ဖိုးရှိ ဝဥခြောက် တန် ၅၀ အပြင် ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းဖိုးရှိတဲ့ ဝဥအစို ၁၅ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝဥခြောက် ၇၉ တန် တစ်မျိုးတည်း တင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မူဆယ်မှ တရုတ်ပြည်ကို ဝဥခြောက် ၅၆၈ တန်ခွဲနဲ့ ဝဥအစို ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၂၇၂၈၄ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၂၇၈ တန်ခွဲကို မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာတော့ ၆၈ တန်ခွဲသာ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံမှာ တိရစ္ဆာန်အစာဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။