Department of Trade
လူစီးရထားနဲ့တင်ဆောင်လာသောတရားမဝင်ကန့်သတ်ကုန်ပစ္စည်းများရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၄၅ သန်းကျော်ဖိုးဖြစ်
ဒီဇင်ဘာလ၂၁ ရက်နေ့ ၁၈း၂၀ ချိန်တွင် မော်လမြိုင်-ရန်ကုန် အမှတ်(၉၀)အစုန် အမြန် ရထားပေါ်မှာ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေးနဲ့ အကောက်ခွန်မဲ့လုပ်ငန်းသုံးနဲ့ အိမ်သုံးပစ္စည်း များတင်ဆောင်လာကြောင်း သတင်းရရှိသဖြင့် ရန်ကုန် ဘူတာကြီးသို့ ရထားဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှ ရှာဖွေရာ တရားမဝင်ကန့်သတ်ကုန်များကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ် Commerce Journal အတွဲ ၁၄၊ အမှတ် ၅၀ တွင်ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။
ITCကတ်နဲ့ ကုန်သွယ်မှုပမာဏ ဆောင်ရွက်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၆ ရက်ထိ ကျပ်သန်း ၆၃၃၀ ကျော်ရှိ
တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး၊ စားသုံးသူအကာအကွယ်ပေးနိုင်ရေး၊ ရသင့်ရ ထိုက်သော အခွန်အခများရရှိရေး၊ တရားဝင်လမ်းကြောင်းတွင် ကုန်သွယ်သူများအား အကာအကွယ် ပေးနိုင်ရေး၊ နယ်စပ်ဒေသနေ အသေးစား၊ အ လတ်စား ကုန်သည်ငယ်များ တရားဝင်လမ်း ကြောင်းပေါ်မှ ကုန်သွယ်မှုပြုနိုင်ရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trading Carcd -ITC )ထုတ်ပေးပြီး ဆောင်ရွက်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ တာဖြစ်ပါတယ်။
