၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းဖမ်းဆီးရမိမှု ကျပ် ၁၂၁၉၈ သန်းကျော်ရ

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းဆီး ရမိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၁၂၁၉၈ ဒသမ ၆၈၆ သန်းကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။ အမှုတွဲ အရေအတွက် ပေါင်း၂၁၃၈ ခုဖြစ်ပြီး Mobile Team အလိုက် ဖမ်းဆီးရမိမှု အသေးစိတ် ကိုဖော်ပြပေး လိုက်ရပါတယ်-

အများပြည်သူစားသုံးရန်မသင့်သောဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များနဲ့ အများပြည်သူ သုံးစွဲရန် မသင့်သော ကုန်ပစ္စည်းကျပ် ၃၉၁ သန်းကျော်ဖိုး ဖျက်ဆီးခဲ့

 

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ အများပြည်သူ စား သုံးရန် မသင့်သော ဘေးအန္တရာယ်ဖြစ်စေတဲ့ စားသောက်ကုန် ပစ္စည်းများနဲ့ အများပြည်သူသုံးစွဲရန် မသင့်သော ကုန်ပစ္စည်းများကို အမှုတွဲအားဖြင့်  ၁၂၇ ခု၊ တန်ဖိုးအားဖြင့် ကျပ်  ၃၉၁ ဒသမ ၈၅၅ သန်း (ခန့်မှန်း) အားဖျက်ဆီးနိုင်ခဲ့ ပါတယ်။ Mobile Team အလိုက် ဖျက်ဆီးဆောင်ရွက်နိုင်မှုများကို  ၂၀၁၂-၂၀၁၃  ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-

ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၂ ဆကျော် ပိုမိုတင်ပို့

 

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၀၉ သန်း တန်ဖိုးရှိ ရော်ဘာ ၈၈၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၁၄ တန်သာ တင်ပို့နိုင်ခဲ့တာမို့ ယခု သီတင်းပတ်မှာ ၄၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများကတော့ မလေးရှားနိုင်ငံကို RSS-3 ၆၇၅ တန်၊ MSR  50 ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို   MSR 20  ၁၈၆ တန်ကျော် ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ မကွေးမြို့ ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှု၊ ရုံးချုပ်နေပြည်တော်၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသ ကြီးအတွင်းရှိ ကျောင်းများ ဈေးများတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ကန်သာရပ်ကွက် ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။