ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၂ ဆကျော် ပိုမိုတင်ပို့

 

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၀၉ သန်း တန်ဖိုးရှိ ရော်ဘာ ၈၈၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၁၄ တန်သာ တင်ပို့နိုင်ခဲ့တာမို့ ယခု သီတင်းပတ်မှာ ၄၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများကတော့ မလေးရှားနိုင်ငံကို RSS-3 ၆၇၅ တန်၊ MSR  50 ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို   MSR 20  ၁၈၆ တန်ကျော် ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ မကွေးမြို့ ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှု၊ ရုံးချုပ်နေပြည်တော်၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသ ကြီးအတွင်းရှိ ကျောင်းများ ဈေးများတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ကန်သာရပ်ကွက် ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ

 

 

 

      စဉ်          စခန်းအမည်        ယခုသီတင်းပတ်       ယခင်သီတင်းပတ်          နှိုင်းယှဉ်ချက်

နယ်စပ်ကုန်သွယ်ရေးစခန်းများက ရော်ဘာကို ယခင်လကထက် တန်ချိန် ၄၈၀ဝ ကျော် ပိုမိုတင်ပို့

 

၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများက ကန်ဒေါ်လာ သုည  ဒသမ ၃၂၀  သန်းဖိုးရှိ ရော်ဘာ  ၂၃၂  တန်တင်ပို့ခဲ့ရာမှာ မူဆယ်  ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က RSS- 3 ၁၀၂ တန်ကျော်၊ ချင်းရွှေဟော်စခန်းက MSR-50 ၁၅တန်နဲ့ လွယ်ဂျယ်စခန်းက ၁၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က  ၁၅၇၁ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုသီတင်းပတ်မှာ  ၁၃၃၉  တန် လျော့နည်းခဲ့ပါတယ်။

အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်သွင်းကုန် ပိုမိုဆောင်ရွက်နိုင်တဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး

 

မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဒီဇင်ဘာလကုန်သွယ်မှုပမာဏ ဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပိုမိုဆောင်ရွက်နိုင်ပါတယ်။

ဝဥခြောက်အပြင် ဝဥအစိုပါ တင်ပို့ခဲ့တဲ့ ရွှေမူဆယ်

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ သုည ဒသမ ဝ၉၂ သန်း တန်ဖိုးရှိ ဝဥခြောက် တန် ၅၀ အပြင် ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းဖိုးရှိတဲ့ ဝဥအစို ၁၅ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝဥခြောက် ၇၉ တန် တစ်မျိုးတည်း တင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မူဆယ်မှ တရုတ်ပြည်ကို ဝဥခြောက် ၅၆၈ တန်ခွဲနဲ့ ဝဥအစို ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။

ဒေါ်လာရတဲ့ ပြောင်းကြိတ်ဖတ်

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၂၇၂၈၄ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၂၇၈ တန်ခွဲကို မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာတော့ ၆၈ တန်ခွဲသာ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံမှာ တိရစ္ဆာန်အစာဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။