ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၂ ဆကျော် ပိုမိုတင်ပို့
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၀၉ သန်း တန်ဖိုးရှိ ရော်ဘာ ၈၈၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၁၄ တန်သာ တင်ပို့နိုင်ခဲ့တာမို့ ယခု သီတင်းပတ်မှာ ၄၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများကတော့ မလေးရှားနိုင်ငံကို RSS-3 ၆၇၅ တန်၊ MSR 50 ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို MSR 20 ၁၈၆ တန်ကျော် ဖြစ်ပါတယ်။
ဒီဇင်ဘာလတစ်လလုံးမှာတော့ ကန်ဒေါ်လာ ၃ ဒသမ ၈၇၀ သန်းတန်ဖိုးရှိ ရော်ဘာ ၃၀၁၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံး နိုဝင်ဘာလထက် ၆၇၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာနိုင်ငံတကာရော်ဘာဈေးများ အပြောင်းအလဲ သိပ်မရှိတဲ့ အတွက် ပြည်ပပို့မဲ့ မြန်မာ့ရော်ဘာများလည်း ဈေးနှုန်းအတက်အကျ မရှိဘဲယခင်တစ်ပတ်ဈေးအတိုင်းဘဲရှိနေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ အသင်းက ထုတ်ပြန်ထားတဲ့ ဈေးများကို ဖော်ပြလိုက်ပါတယ်-
RSS 1 တစ်တန်လျှင် ဒေါ်လာ ၁၄၅၀-၁၅၅၀
RSS 2 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 4 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀
RSS 10 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 20 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
RSS 50 တစ်တန်လျှင် ဒေါ်လာ ၁၂၀ဝ-၁၃၀ဝ
Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၁၁၅၀-၁၂၅၀
ယဉ်ယဉ်အေး MIRT (DCCA)