နယ်စပ်ကုန်သွယ်ရေးစခန်းများက ရော်ဘာကို ယခင်လကထက် တန်ချိန် ၄၈၀ဝ ကျော် ပိုမိုတင်ပို့

 

၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများက ကန်ဒေါ်လာ သုည  ဒသမ ၃၂၀  သန်းဖိုးရှိ ရော်ဘာ  ၂၃၂  တန်တင်ပို့ခဲ့ရာမှာ မူဆယ်  ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က RSS- 3 ၁၀၂ တန်ကျော်၊ ချင်းရွှေဟော်စခန်းက MSR-50 ၁၅တန်နဲ့ လွယ်ဂျယ်စခန်းက ၁၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က  ၁၅၇၁ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုသီတင်းပတ်မှာ  ၁၃၃၉  တန် လျော့နည်းခဲ့ပါတယ်။

ဒီဇင်ဘာလ တစ်လလုံးမှာတော့ တရုတ်နယ်စပ်ကနေ  ရော်ဘာ  ၇၅၃၃  တန်ကျော်ကို ကန်ဒေါ်လာ ၉ ဒသမ ၂၀၈ သန်းတန်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံး နိုဝင်ဘာလထက်  ၄၈၂၁  တန်ပိုမို တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်းရော်ဘာတင်ပို့မှုကိုကြည့်ပါက ဧပြီလ  ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကန်ဒေါ်လာ ၃၄ ဒသမ ၈၈၂ သန်းဖိုးရှိ ရော်ဘာ ၂၂၁၁၂ တန်ကျော် တင်ပို့ထားခဲ့ပြီး ဒီဇင်ဘာလတွင် အများဆုံးတင်ပို့ခဲ့ပါတယ်။ရော်ဘာဈးများကို ကြည့်မယ်ဆိုပါက မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာ ယခုသီတင်းပတ်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က RSS- 3 တစ်တန်ကို  ၁၄၉၆၉၀၆ ကျပ်ရှိရာမှ   ယခုသီတင်းပတ်မှာ  ၁၄၉၀၆၇၄ ကျပ်သို့လျော့ကျခဲ့ပါတယ်။                               

ယဉ်ယဉ်အေး MIRT (DCCA)