ဒီဇင်ဘာ ၁၉ ရက်အတွင်း ပင်လယ်ငါးရှဉ့် ၁၀တန်ကျော်တင်ပို

 

မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းက ဒီဇင်ဘာလ ၁၉ ရက်တာ ကာလ အတွင်း ကန်ဒေါ်လာ သုည ဒသမ ဝ၁၉ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၁၀ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခု သီတင်းပတ်တွင်းမှာလည်း တန်ချိန် ၃ တန်ကျော် တန်ဖိုးရှိ ကန်ဒေါ်လာ သုည ဒသမ ဝ၀၇ သန်းဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက်၁ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ တယ်လို့ သိရှိရပါတယ်။ 

 

တင်ပို့မှု ပိုမိုလာတဲ့ နနွင်းတက်

 

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ၁၉ ရက်တာကာလအတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ဝ၄၄ သန်းတန်ဖိုးရှိ နနွင်းတတ် ၇၇ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူ ဆယ်မှ ၅၁ တန်ခွဲနဲ့ မြဝတီမှ၂၁ တန်သာ တင်ပို့ခဲ့တာမို့ ယခုရက်သတ္တပတ်မှာ နနွင်းတက်တင်ပို့မှု ၅ တန်ပိုမိုလာပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့တဲ့ နနွင်းတက်တွေ ကတော့ ရှမ်းစနဲ့ ကျောက်ဆည် နနွင်းတွေဘဲဖြစ်ပါတယ်။                 

ဒီဇင်ဘာလ တတိယပတ်အထိ ဆန်တန်ချိန် တစ်သိန်းကျော်မြန်မာ - တရုတ် နယ်စပ်မှတင်ပို့

       

       ဒီဇင်ဘာလ တတိယပတ်ဖြစ်တဲ့ ၁၃ရက်မှ ၁၉ရက် ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၁၁ ဒသမ ၅၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၁၃၀၆ ကျော်ကို မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်းများမှ တင်ပို့ခဲ့ရာ မူဆယ် ၁၀၅ မိုင်မှ ငစိန် ၁၆၉၃၀ တန်၊ ဧည့်မထ ၉၀၂၂ တန်ကျော်၊ လွယ်ဂျယ်မှ ဧည့်မထ ၄၉၃၄ တန်၊ ချင်းရွှေဟော်မှ ဧည့်မထတန် ၄၂၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါ တယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ

 

စဉ်      စခန်းအမည်         ယခုသီတင်းပတ်       ယခင်သီတင်းပတ်            နှိုင်းယှဉ်ချက်

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက်ဘိလပ်မြေတင်သွင်းမှုအခြေအနေ

 

 

စဉ်          စခန်းအမည်         ယခုသီတင်းပတ်        ယခင်သီတင်းပတ်         နှိုင်းယှဉ်ချက်