ချန်ဒယ်ခရိုင်အဆင့်အရာရှိများ ဒေသဖွံ့ဖြိုးရေးအစည်းအဝေးပြုလုပ်

 

ချန်ဒယ်ခရိုင်၊ မိုရေးမြို့ရှိ ကုန်သွယ်ရေးရုံး အစည်းအဝေးခန်းမမှာ ဒီဇင်ဘာလ၁၇ ရက် ၁၁ း၂၀ ချိန်ကချန်ဒယ်ခရိုင်၊ ခရိုင်အဆင့်အရာရှိများ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့ The Sangai Express သတင်းစာ မှာ ဖော်ပြထားပါတယ်။ ချန်ဒယ်ခရိုင်အုပ်ချုပ်ရေးမှူး Mr.Joffri ၊ ချန်ဒယ်ခရိုင် ရဲမှူးကြီး F.Priyokumar Singh နဲ့ ခရိုင်တွင်း ရှိတာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နေထက်မင်း၊ တမူး

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၁၂ ရက်ထိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ITC ဖြင့်ဆောင်ရွက်မှု ထိပ်ဆုံးမှာရှိနေ

 

အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ရိုးရှင်းလွယ်ကူစွာနဲ့ ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန်၊ တရားမဝင် ကုန်သွယ်မှုများ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး ကုန်သွယ်မှု ပမာဏတိုးမြင့် လာစေရန် ၊နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတက်ရရှိစေရန် အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual  Trading Card ITC) များ ထုတ်ပေးလျက်ရှိပါ တယ်။  

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့၊ စည်ပင်သာယာမြို့မဈေးကြီးတွင် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ း ၃၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ စည်ပင်သာယာ မြို့မဈေးကြီး၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/သားများ၂၀ဝခန့်အား စားသုံးသူ အကာအကွယ်ပေးရေး သိကောင်းစရာများေ ခါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။