ITCကတ်နဲ့ ကုန်သွယ်မှုပမာဏ ဆောင်ရွက်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၆ ရက်ထိ ကျပ်သန်း ၆၃၃၀ ကျော်ရှိ
တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး၊ စားသုံးသူအကာအကွယ်ပေးနိုင်ရေး၊ ရသင့်ရ ထိုက်သော အခွန်အခများရရှိရေး၊ တရားဝင်လမ်းကြောင်းတွင် ကုန်သွယ်သူများအား အကာအကွယ် ပေးနိုင်ရေး၊ နယ်စပ်ဒေသနေ အသေးစား၊ အ လတ်စား ကုန်သည်ငယ်များ တရားဝင်လမ်း ကြောင်းပေါ်မှ ကုန်သွယ်မှုပြုနိုင်ရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trading Carcd -ITC )ထုတ်ပေးပြီး ဆောင်ရွက်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ တာဖြစ်ပါတယ်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမ ITCကတ် ၃၀၁ စောင်ထုတ်ပေးထားပြီး ပို့ကုန် ကျပ်၂၂၂၁ သန်းကျော်နဲ့ သွင်းကုန်ကျပ် ၄၁၀၉ သန်းaဆာင်ရွက် နိုင်ပြီး ကုန်သွယ်မှုပမာဏ ကျပ် သန်း ၆၃၃၀ ကျော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နယ်စပ်စခန်းအလိုက် ITC ကတ်နဲ့၂၀၁၂ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့တာတွေ ကတော့ တမူး၊ မူဆယ် ၁၀၅ မိုင်၊ မြဝတီကုန်သွယ်ရေးဇုန်၊ ၂၀၁၃ ခုနှစ်အတွင်းမှာ တာချီလိတ်၊ လွယ် ဂျယ်နဲ့ စစ်တွေ၊ မောင်တော နယ်စပ် ကုန် သွယ်ရေး စခန်းများ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ ရိဒ်၊ မြိတ်၊ ကော့သောင်း၊ ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင်၊ ထီးခီးနယ်စပ် ကုန်သွယ် ရေးစခန်းများတွင်လည်းကောင်း၊၂၀၁၄ ခုနှစ် အတွင်းမှာမန္တလေး တိုင်းဦးစီးမှူးရုံး၊ ကျိုင်းတုံရုံးခွဲ၊ မြစ်ကြီးနားစခန်းများတွင်လည်းကောင်း အသီးသီးထုတ် ပေးခဲ့ပြီးဖြစ်ပါတယ်။ နှစ်အလိုက် ITC ကတ် ထုတ်ပေးမှုနဲ့ ကုန်သွယ်မှုပမာဏများကို ဖော်ပြပေး လိုက်ရပါတယ်-
တန်ဖိုး-ကျပ်သန်း
ကာလ ITC အရေအတွက်
ITC ကတ်နဲ့ ဆောင်ရွက်မှု
၂၀၁၂-၂၀၁၃ ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ
၂၁-၁၁-၂၀၁၂ မှ ၂၉၂ ၅၉.၅၄၀ ၆၇၈.ဝ၄၂ ၇၃၇.၅၈၁
၃၁-၃-၂၀၁၃ ထိ
၂၀၁၃-၂၀၁၄ ၂၆၁ ၈၄၃.၁၉၄ ၅၈၁၃.၃၂၄ ၆၆၅၆.၅၁၈
၂၀၁၄-၂၀၁၅
၁-၄-၂၀၁၄ မှ ၃၀၁ ၂၂၂၁.ဝ၅၂ ၄၁၀၉.၄၂၀ ၆၃၃၀.၄၇၂
၂၆-၁၂-၂၀၁၄ ထိ
စုစုပေါင်း ၈၅၄ ၃၁၂၃.၇၈၆ ၁၀၆၀ဝ.၇၈၆ ၁၃၇၂၄.၅၇၁
MIRT (DCCA)