နောက်ဆုံးရ သတင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပ ပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ် ရာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်မှ Thaifex World of Food အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ၊ ဒေါ်လဲ့လဲ့နှင်းက ကိုရီးယားနိုင်ငံလေ့ လာရေးခရီးစဉ်အကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မွန်းလွဲ (၁၃ း ၀၀) နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စားသုံးသူအကာအကွယ် ပေးရေး အသိပညာပေးဟောပြောပြိုင်ပွဲသို့   အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် တက်ရောက်အဖွင့် အမှာစကား ပြောကြား၍၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့်တာဝန်ရှိသူများက   ဆုရရှိသူများအား ဆုချီးမြှင့်ပေးပြီး၊ ညွှန်ကြားရေးမှူးချုပ်မှ   နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ (၁၉း၁၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ညှိနှိုင်းရန်အတွက် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းသတင်းရရှိ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်သော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးဆေးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲ သို့တက်ရောက် အမှာစကားပြောကြား

Pages

Subscribe to နောက်ဆုံးရ သတင်း