၂၀၁၅-၁၆ခုဘဏ္ဍာနှစ် ပထမခြောက်လအတွင်း မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်းနှစ်ထောင်ကျော်

Fri, 11/06/2015 - 11:36 -- admin_ygn

       ၂၀၁၅ -၂၀၁၆  ဘဏ္ဍာနှစ် ၁-၄-၂၀၁၅ မှ ၂၃-၁၀-၂၀၁၅ ထိ ပို့ကုန်တင်ပို့နိုင်မှုအခြေအနေ မှာကန်ဒေါ်လာ ၆၇၀၅ သန်း၊ သွင်းကုန်တင်သွင်း နိုင်မှု အခြေအနေ ကန်ဒေါ်လာ ၈၈၉၈ သန်းဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ  ကန် ဒေါ်လာ ၁၅၆၀၃ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုလိုငွေကန်ဒေါ်လာ ၂၁၉၂ ဒသမ ၆၅၉ သန်းပြနေပါတယ် ။ ပြည်ပ သို့  တင်ပို့လျက် ရှိတဲ့ ပို့ကုန်အုပ်စု ခုနစ်ခု (လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန် ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊  စက်မှုကုန်ချော နဲ့အခြား) ရှိတဲ့အနက် သတ္တုတွင်းထွက်ပစ္စည်းအုပ်စု တင်ပို့ နိုင်မှုဟာ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၀၂ သန်းနီးပါး  လျော့နည်းခဲ့ပြီး  ကျန်အုပ်စုများကတော့ ပိုမိုခဲ့တဲ့အတွက် ပို့ကုန်ပိုင်း မှာ ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာ ၂၇၂ သန်းကျော် ပိုမို ခဲ့ပါတယ်။
လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ဆန်ကွဲ၊ပဲအမျိုးမျိုး (မတ်ပဲ၊ပဲတီစိမ်း၊ကုလားပဲ၊ မြေထောက်ပဲ၊ပဲယင်း၊ပဲကတ္တီပါ/စွန်တာပြာ၊ ပဲပုတ်စေ့၊ နိုင်လွန်ပဲ၊ အခြားပဲ) နှမ်းရောင်စုံ နဲ့ ရော်ဘာစိမ်း တင်ပို့မှုတို့ ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။သွင်းကုန်ပိုင်းမှာယမန်နှစ်ကာလတူထက်သွင်းကုန် ကန်ဒေါ်လာ ၃၄၃ သန်းကျော် လျော့နည်း ခဲ့တာ တွေ့ရပါ တယ်။ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အုပ်စုတို့ တင်သွင်းမှုလျော့နည်းခဲ့ပြီး လူသုံးကုန်ပစ္စည်း အုပ်စုတစ်ခုသာ  ယမန်နှစ်ကာလတူထက်  ပိုမို ဆောင်ရွက်နိုင်ခဲ့ပါ တယ်။  ကုန်ပစ္စည်း အလိုက်သွင်းကုန်တင်သွင်းမှုနှိုင်းယှဉ် ရာမှာတော့  ရင်းနှီး မြှုပ်နှံမှုပစ္စည်းများဖြစ်တဲ့စက်နှင့်စက်ပစ္စည်း၊သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာ သုံးနောက်တွဲယာဉ်နဲ့ အခြားယာဉ် များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အင်ဂျင်များ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်များဖြစ်တဲ့  ရေနံထွက်ပစ္စည်းများ၊ဓာတုဗေဒ ချည်ခင်များ၊ဓာတ်မြေသြဇာများ၊သံနှင့်သံမဏိပစ္စည်း၊ သတ္တု ကုန်ကြမ်း ပစ္စည်းများ ယမန်နှစ်  ကာလတူထက်လျော့နည်းတင်သွင်းခဲ့ တဲ့အတွက် ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှု နည်းလမ်းဖြင့်ပို့ကုန်သွင်းကုန် ဆောင်ရွက်နိုင်မှု မှာ ပို့ကုန်ပိုင်း  ပင်လယ်ရေကြောင်း   ကန်ဒေါ်လာ ၄၃၇၂ သန်းကျော်၊ နယ်စပ်   ကန်ဒေါ်လာ သန်း ၂၃၃၃သန်းကျော် နဲ့ သွင်းကုန်ပိုင်း ပင်လယ်ရေ ကြောင်း ကန်ဒေါ်လာ၇၄၉၈ သန်းကျော် နယ်စပ် ကန်ဒေါ်လာ သန်း ၁၄၀၀ ကျော် အသီးသီး ဆောင် ရွက်ခဲ့ပြီး  ယမန်နှစ်ကာလ တူနဲ့  နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ပင်လယ်ရေကြောင်းရောနယ်စပ်ကပါပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း  သွင်းကုန် ပိုင်းတွင် ပင်လယ်ရေကြောင်းမှ  တင်သွင်းမှု လျော့ နည်းခဲ့တဲ့အတွက် နယ်စပ်မှ တင်သွင်းမှုပိုမိုခဲ့သော် လည်း ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုနှစ်ရပ် ပေါင်းအနေနဲ့ လျော့နည်းခဲ့ရတာတွေ့ရပါတယ်။
MIRT6

 

Local Trade News

Pages