အဝင်နည်းတာကြောင့်ပြည်မန်ကျည်းမှည့်ဈေးအနည်းငယ်တက်

Thu, 07/07/2016 - 08:13 -- admin_ygn

ပြည်ပွဲရုံမှာ   ဇွန်လဆန်းမှစ၍ မန်ကျည်းမှည့်တွေ အဝင်နည်းလာပြီး ဈေးအနည်းငယ် တက်လာတာ တွေ့ ရပါတယ်။  လှောင်မန်ကျည်းမှည့်တွေ   အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေခဲ့ ရာမှ    ဇွန်နောက်ဆုံးပတ် အတွင်း မန်ကျည်းမှည့်   လက်ကျန်အပေါ်တွင် ဈေးအနည်းငယ်  ထပ်မံမြင့်တက်လာ ခဲ့ပါတယ်။  နယ်သို့ တင်ပို့မှုမရှိတော့ဘဲ   ဒေသတွင်း  ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ စားသုံးမှုနည်းပေမယ့် ပရဆေးဖော်စပ်ခြင်း၊ အိမ်တွင်းယိုလုပ် ငန်းတို့မှ   သုံးစွဲမှုရှိသဖြင့် အရောင်း အဝယ်  ပုံမှန်ရှိနေကြောင်းလည်း သိရ ပါတယ်။ ယခုဇွန်  နောက်ဆုံးပတ်မှာ မန်ကျည်းမှည့် တစ်ပိသာ(ပွဲရုံဈေး)   ကျပ် ၁၈၀၀ဖြစ်ပြီး ဒေသတွင်း  လက်လီ ဈေးကတော့ ကျပ် ၂၀၀၀နဲ့ ကျပ် ၂၂၀၀ ဈေးအထိ ရောင်းဝယ်လျက်ရှိကြောင်း တွေ့ရပါတယ်။

 နီနီဝင်း