အရောင်းထိုင်းတဲ့ ရှမ်းနနွင်း

Thu, 05/17/2018 - 08:13 -- admin_ygn

မနှစ်ကတော့  ရှမ်းနနွင်းကအရောင်းအဝယ်သွက်ခဲ့ပြီး  ချင်းက အရောင်း အဝယ် အေးခဲ့ပါတယ်။ ဒီနှစ်ကတော့ ချင်းက ရောင်းကောင်းနေပြီး နနွင်းကတော့ ပြန်ပြီးအရောင်းထိုင်းနေပါတယ်။ ပြည်ပဝယ်လက်တွေမရှိဘဲ   ပြည်တွင်းသုံးမှာ တောင် အမှုန့်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့အတွက်သာ ဝယ်ယူမှုရှိနေတယ်လို့လည်း ဈေးကွက်က  သိရပါတယ်။မနှစ်ကလို ပြည်ပဝယ်လက်တွေ အလုံးအရင်းနဲ့ ဝယ်ယူ တာမရှိပေမယ့်  သူဟာနဲ့သူရောင်းနေရပါတယ်။ ရန်ကုန်နဲ့ မန္တလေးဝယ်လက်က တော့ ချင်းဝယ်ရင်း နနွင်းကိုလည်း လိုသလောက်ဝယ်ယူပြီး   မော်လမြိုင်နဲ့ ပြည်က တော့ အမှုန်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်  ဝယ်ယူနေလို့ တစ်လလုံးမှာ တန်ချိန်ငါးရာခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

အောင်ပန်းဈေးကွက်မှာ ဧပြီလရဲ့နနွင်း တစ်ပိဿာပေါက်ဈေးက အနိမ့်ဆုံး ကျပ် ၉၀၀ မှ ကျပ် ၁၅၀၀ ရှိပြီး ဆင်တောင် နနွင်းကကျပ်၂၀၀၀ ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်းကအရောင်းအဝယ်မရှိပေမဲ့ဈေးနှုန်းကတော့  အရည် အသွေးပေါ်လိုက်ပြီး ဖြစ်နေပါတယ်။  ညံ့စတွေက ကျပ် ၈၅၀-ကျပ် ၉၀၀ရှိပြီး ထိပ်စ ကတော့ကျပ် ၂၂၀၀ဈေးရှိနေတယ်လို့ ဒေသခံပွဲရုံတွေကသိရှိရပါတယ်။

ဧဧခိုင်၊ တောင်ကြီး

Local Trade News

Pages