အယ်လ်နီညိုရာသီဥတုကြောင့်အထွက်နှုန်း ကျဆင်းသဖြင့်စားအုန်းဆီဈေးမြင့်တက်

Fri, 03/18/2016 - 07:25 -- admin_ygn

နှစ်နှစ်ကျော်ခန့် ဈေးနှုန်းများကျဆင်းပြီးနောက် စား အုန်းဆီကြမ်း (စီပီအို) ဈေးကွက်အလားအလာက တိုးတက် ကောင်းမွန်လာကြောင်းနဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေများကြောင့် မလေးရှားနဲ့အင်ဒိုနီးရှားရှိ ဆီအုန်း စိုက်ပျိုးရေးခြံကြီးများမှာ အထွက်ကျဆင်းလျက်ရှိပါတယ်။ ဒါကြောင့် စားအုန်းဆီတစ်တန်ဈေးက ရင်းဂစ် ၂၅၀၀ ဈေး နှုန်းကို ဖောက်ထွက်မယ့်အလားအလာကို  တွေ့ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ကို ရင်းဂစ် ၃၀၀၀ အထိ မြင့်တက်နိုင်ကြောင်းနဲ့ ထိုဈေးနှုန်းမှာ ၂၀၁၂ ခုနှစ် စက် တင်ဘာနောက်ပိုင်း  အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း ကျွမ်း ကျင်သူများကခန့်မှန်းခဲ့ရာ ထိုခန့်မှန်းချက် မှာလည်း အများ ကြီးသေချာမှုရှိကြောင်း ဖော်ပြထားပါတယ်။ စားအုန်းဆီ ထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်း ကျဆင်းလာတဲ့အတွက် စား အုန်းဆီသိုလှောင်လက်ကျန်မှာ  ယခုလအကုန်မှာ တန် ၁ ဒသမ ၆သန်းထိရောက်ရှိ နိုင်ကြောင်း   လုပ်ငန်းပိုင်းဆိုင်ရာသတင်းအရင်းအမြစ်များအရ သိရပါတယ်။အင်ဒိုနီးရှားနဲ့   မလေးရှားနိုင်ငံတို့မှာ ၂၀၁၅ ခုနှစ် နှောင်းပိုင်းနဲ့ ယခုနှစ်နှစ်ဦးမှာ ရာသီဥတုဒဏ်ကို ခံစားခဲ့ ရတဲ့ အတွက် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုက ယခုနှစ်စက်တင်ဘာ ၁၆ ရက်အထိ တန် သုံးသန်းအထိကျဆင်းနိုင်တယ်လို့ အိန္ဒိယ ကုမ္ပဏီ Godrej International ူရဲ့ဒါရိုက် တာ ဒိုရမ်မစ်စထရီက ပြောပါတယ်။ ဒီနှစ်နိုင်ငံက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဘာဆာမလေးရှားကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange) မှ အခြေခံစံထားဈေးနှုန်းက ဖေဖော် ဝါရီအတွင်းမှာ   ၅ ရာခိုင်နှုန်းနီးပါး   ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ အဓိကတင်သွင်းတဲ့နိုင်ငံကြီးများရဲ့ ဝယ်လိုအားကျ ဆင်းမှုကြောင့် ဈေးနှုန်းမြင့်တက်မှုကို အထိန်းအကွပ်ဖြစ်စေခဲ့ ပါတယ်။ ယခုရက်သတ္တပတ်အတွင်းမှာ တစ်တန်ကို ၂၅၄၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၀) ဝန်းကျင်မှာရှိပါတယ်။စားအုန်းဆီအခြေခံစံထားဈေးနှုန်းက ဖေဖော်ဝါရီလ လယ်မှာရှိခဲ့တဲ့ တစ်တန်ကို ၂၆၄၈ ရင်းဂစ်   ဈေးနှုန်းထက်ကျော်သွားမယ်ဆိုရင် ဈေးနှုန်းကအတက်ဖက် ကို   ဦးတည် သွားလိမ့်မယ်လို့ စာရင်းဇယားများကို အခြေခံတွက်ချက်မှု အရခန့်မှန်းပါတယ်။ အယ်လ်နီညိုရာသီဥတုပုံစံက စားအုန်းဆီအဓိကထုတ် လုပ်တဲ့ အင်ဒိုနီးရှားန ဲ့မလေး ရှား နိုင်ငံတွေမှာ အထွက်နှုန်းကျ ဆင်းစေမှာဖြစ်တဲ့အတွက် စားအုန်းဆီကြမ်းကြိုရောင်းဈေးက တစ်တန်ကို မလေးရှားရင်းဂစ် ၂၈၀၀ မှ ၃၀၀၀ အကြားရှိနိုင်မယ ်လို့ ထိပ်တန်းလေ့လာဆန်းစစ်သူ မစ်စထရီကခန့်မှန်းပါ တယ်။ဈေးနှုန်းကို  အဓိကထားကြည့်ပြီး ဝယ်ယူတဲ့ အိန္ဒိယ ဈေးကွက်ရဲ့ဝယ်လိုအား ကျဆင်းသွားတဲ့အချိန်အထိ စား အုန်းဆီဈေးနှုန်းများ   ဆက်လက်မြင့်တက်နေဦးမှာဖြစ် ကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းက ယခင်ကခန့်မှန်းခဲ့တဲ့ တစ်တန်ကို ရင်းဂစ် ၂၆၀၀ မှ ၂၇၀၀ အကြားရှိမယ်ဆိုတဲ့   ခန့်မှန်းချက်ကို ကျော်လွန်သွားမှာ ဖြစ်ကြောင်း၊ မတ် ၉ ရက် က ကွာလာလမ်ပူမှာကျင်းပတဲ့လုပ်ငန်းဆိုင်ရာ ကွန်ဖရင့် တစ်ခုမှာ မစ်စထရီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်င ံရဲ့   ကိန်းဂဏန်းများကို ရရှိနိုင်ရန် အခက်အခဲရှိကြောင်း၊    အယ်လ်နီညိုရာသီဥတုကြောင့် တောင်ပိုင်း ဆူမားတြားနဲ့   ကာလီမန်တန်ဒေသအချို့မှာ ထိခိုက်မှုရှိခဲ့တဲ့အတွက် အကြမ်းအားဖြင့်ထုတ်လုပ်မှု တန် ၁ ဒသမ ၂ သန်းကျဆင်းမယ်လို့  ခန့်မှန်းကြောင်းသူကပြောပါ တယ်။ထုတ်လုပ်မှုကျဆင်းတဲ့ သံသရာက ဇွန်လအထိ ဆက် လက်လည်ပတ်သွားဦးမယ်လို့ မစ်စထရီက ခန့်မှန်းထားပါ တယ်။     
 ဉာဏ်တင်