ဝက်လက်မြို့နယ် နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်

Tue, 07/16/2024 - 04:25 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး နွေသီးနှံစိုက်ပျိုးရာတွင် နှမ်းအနက်ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ဧပြီလတွင် ကြဲပက်စနစ်ဖြင့် စတင်စိုက်ပျိုးပြီး ဇွန်လတွင် ထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း‌ ငွေကျပ် ၉၃၀,၀၀၀ ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၅ တင်းခန့် ထွက်ရှိရာ တောင်သူတစ်ဦးချင်းစီ၏ သွင်းအားစုသုံးစွဲမှု၊ စိုက်ခင်းပြုစုပျိုးထောင်မှု မတူညီခြင်းကြောင့် အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းအနက် တစ်တင်းလျှင် ငွေကျပ် ၁၅၀,၀၀၀ ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကအကျိုးအမြတ်မှာ ၁၀ တင်းနှုန်းဖြင့် တွက်ချက်ပါက ငွေကျပ် ၅၇၀,၀၀၀ ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝက်လက်မြို့နယ်မှ ထွက်ရှိသောနှမ်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages