ရေစကြိုကုန်စည်ဒိုင်တွင် မတ်ပဲဈေး အနည်းငယ်တက်နေ

Tue, 10/30/2018 - 06:42 -- admin_ygn

     ယခုတစ်ပတ်ရေစကြိုကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့်မတ်ပဲမှာဈေးအနည်းတက်လျက်ရှိပြီး၊ မြေပဲနီလုံးဆန် တစ်ပိဿာ လျှင် ကျပ် ၂၇၀ဝ မှ ၂၈၀ဝ ၊   ကျွန်းမြေပဲလုံးဆန် တစ်ပိဿာလျှင်  ကျပ်၂၇၀ဝ၊ မြေပဲဖြူလုံးဆန် တစ်ပိဿာ လျှင် ကျပ် ၂၈၀ဝ ရှိကြောင်း သိရပါတယ်။ရေစကြိုကုန်စည်ဒိုင်တွင် မတ်ပဲ ဈေးအနည်းငယ်တက်လျက်ရှိပြီး အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင်  ကျပ် ၁၇၀ဝ၀ မှ ၁၉၅၀ဝ၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၂၅၅၀ဝ၊ ကုလားပဲဝါ   တစ်တင်းလျှင် ကျပ်၂၄၅၀ဝ-၂၅၀ဝ၀ ဖြင့် အိတ် ၁၀ဝခန့်၊ ကုလားပဲဖြူလုံးကြီး  တစ်တင်းလျှင် ကျပ် ၂၃၈၀ဝ- ၂၄၀ဝဝ  အိတ် ၂၀ဝ ခန့်၊  ကုလားပဲဝါလုံးကြီးနှင့် ကုလားပဲဖြူ လုံးကြီးမှာ ဈေးတူနေပြီး အရောင်းအဝယ်အားဖြင့် အနည်းငယ်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။               

လှိုင်ဥမ္မာဦး(ပခုက္ကူ)

Local Trade News

Pages