ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်အသစ်အား စတင်ထုတ်လွှင့်

Wed, 03/09/2016 - 04:35 -- admin_ygn

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှွန်ကြားမှုဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းများအား ယခင်ကထက် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရေး နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ မှတ်ပုံ တင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်အသစ်ကို မတ် ၇ ရက်မှစတင်ကာ ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။အဆိုပါဝက်ဘ်ဆိုက် အသစ်စတင် ထုတ်လွှင့်ရန်အတွက် မိတ်ဆက်ခြင်းအခမ်း အနားကို မတ် ၁ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ယင်းမိတ်ဆက်ပွဲအခမ်း အနားတွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ''အဓိက ကတော့ကျွန်တော် တို့မြန်မာနိုင်ငံမှာလာပြီးရင်းနှီးမြှုပ် နှံနေကြတဲ့ နိုင်ငံခြားသားတွေရော၊ ပြည်တွင်း မှာရှိနေတဲ့လုပ်ငန်းရှင်တွေရော လုပ်ငန်း တစ်ခုကို ဘယ်လိုလုပ်ရမလဲ၊ သတင်း အချက်အလက်ကိုဘယ်လိုယူရမလဲဆို တဲ့အခက်အခဲတွေ အများကြီးကြုံတွေ့နေရ ပါတယ်။ ဒါကြောင့် အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ တွေကြားထဲကို၊ နိုင်ငံ တကာကို သတင်းတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ကျွန်တော်တို့ရဲ့ ရှိနေတဲ့ ဝက်ဘ်ဆိုက်ကို  Upgrade လုပ်တာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို လုပ် လိုက်တဲ့အတွက် ပထမဆုံးအကျိုးခံစားရမှာကတော့ မြန်မာနိုင်ငံအတွင်းမှာ စီးပွား ရေး လုပ်ဆောင်နေကြတဲ့နိုင်ငံသားရော၊ နိုင်ငံခြားသားလုပ်ငန်းရှင်များအနေနဲ့ပါ  အကျိုးခံစားကြရမှာဖြစ်ပါတယ်။ အဓိကအချက်ကတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ် နှံမှုနဲ့ပတ်သက်တဲ့လိုအပ်တဲ့သတင်းအချက်အလက်တွေ ကိန်း ဂဏန်းတွေ ပေးသွား မှာဖြစ်ပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စီးပွားရေးဆောင်ရွက်ဖို့ ရောက်ရှိလာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့   သံရုံးတွေ၊ ပြည်ပမှာရှိတဲ့မြန်မာသံရုံးတွေ အနေနဲ့သိချင်တဲ့ အချက်အလက်တွေ ကို စာပေး စာယူနဲ့ မေးစရာမလိုတော့ဘဲ သိချင်တဲ့အကြောင်းအရာတွေကို ဒီဝက်ဘ်ဆိုက် မှာ အချိန်နဲ့တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အခုလိုကျွန်တော် တို့ရဲ့ဝက်ဘ်ဆိုက်ကို Upgrade လုပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့အတွက် အများကြီးအထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်}}ဟု ပြောကြားခဲ့သည်။အဆိုပါဝက်ဘ်ဆိုက်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားပြီး မိမိ သိရှိလို သည့်အကြောင်းအရာများကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် သိရှိနိုင်မည်ဖြစ် သည်။  အဆိုပါဝက်ဘ်ဆိုက် ဖြစ်ပေါ်လာရေးအတွက်ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန် ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးGIZ မှ နည်းပညာသာမက ငွေကြေးထောက်ပံ့မှုများပါ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။Upgrade ပြုလုပ်ခဲ့သည့် ဝက်ဘ်ဆိုက် အသစ်တွင် ပြည်တွင်းပြည်ပ ရင်းနှီး  မြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များအား ဖတ်ရှုရလွယ်ကူစေပြီး မြန်ဆန်စွာဖတ်ရှုနိုင်ရန် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဝက်ဘ်ဆိုက်အသစ်တွင် ကုမ္ပဏီမှတ်ပုံတင်ခြ င်းဆောင် ရွက်ပုံ အဆင့်ဆင့်ကို အစဉ်လိုက်ဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်များ မည်ကဲ့သို့ လျှောက်ထားရမည်ကိုလည်း ဖော်ပြထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိန်းဂဏန်းစာရင်း အင်းများ၊ မှတ်ပုံတင်ထားသော ကုမ္ပဏီအမည်များအား ရှာဖွေခြင်းနှင့်မေးလေ့  ရှိသော မေးခွန်းများနှင့် အဖြေများကိုလည်းထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်ကို ကွန်ပျူတာ များ တွင်သာမက မိုဘိုင်းဖုန်းများ တွင်ပါ အလွယ်တကူကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းဝက်ဘ် ဆိုက်၏ လိပ်စာမှာ www.dica.gov.mm ဖြစ်ကြောင်း သိရသည်။

မယ်သီတာ

Local Trade News

Pages