ယခုတစ်ပတ် နယ်စပ်နဲ့ရေကြောင်းမှဆန်ရောဆန်ကွဲပါ ပိုမိုတင်ပို့

Fri, 03/30/2018 - 05:51 -- admin_ygn

     မြန်မာ-တရုတ်နယ်စပ်နဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ မတ်လ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၀၃၇ သန်းတန်ဖိုးရှိ ဧည့်မထဆန်နဲ့ ငစိန်ဆန် ၃၄၈၂၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။   မြန်မာတရုတ်နယ်စပ်မှတင်ပို့မှုများမှာမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ   ဧည့်မထဆန်တန်ချိန် ၂၅၁၆၀နဲ့ ငစိန်ဆန် ၂၉၂ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ  ဧည့်မထဆန် ၇၃၆၂ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၂၃၂တန်ကျော်၊ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်တန်ချိန်  ၃၀ တင်ပို့ခဲ့ပါ တယ်။ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဧည့်မထ ဆန်တန်ချိန်၅၆၀၊မောင်တောကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၁၁၈၅ တန်ကျော်တင်ပို့ခဲ့ပြီး ယခုတစ် ပတ်ကုန်သွယ်ရေးစခန်းများရဲ့  ဆန်တင်ပို့မှုမှာ ယခင်တစ် ပတ်တင်ပို့မှုထက် ၄၃၅၆ တန်ပိုမိုတင်ပို့နိုင်ကြောင်း သိရပါ တယ်။ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ  သုည ဒသမ ၂၇၇ သန်းတန်ဖိုးရှိ ဆန်ကွဲ ၉၀၅ တန်ကို တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၅၀၀ ခန့်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၄၀၅ တန် တင်ပို့ပြီး  ယခင်တစ်ပတ်တင်ပို့မှုထက်၄၁တန်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၇၅ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၄၀၈၂၇ တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။  ယခုတစ်ပတ်မှာ အိုင်ဗရီကို့စ် နိုင်ငံသို့ ဆန်တန်ချိန် ၁၆၃၇၅ တန်၊ မက်ဒါဂါစကားနိုင်ငံသို့ ဆန်တန်ချိန် ၁၃၅၆၀ တင်ပို့ခဲ့ပြီး ကင်မရွမ်နိုင်ငံသို့ တန်ချိန် ၄၇၅၀နဲ့ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တရုတ် နိုင်ငံ၊ သီရိလင်္ကာနိုင်ငံနဲ့ အီးယူနိုင်ငံများသို့  တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။   ယခင်တစ်ပတ်က  ပင်လယ်ရေကြောင်းမှ ၂၅၀၄၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၇၈၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခုတစ်ပတ်မှာ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၄၁ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၉၂၀၀ တင်ပို့ခဲ့ရာ စင်ကာပူ နိုင်ငံသို့ တန်ချိန် ၁၀၀၊ ဆီနီဂေါနိုင်ငံသို့ တန်ချိန် ၁၅၀၀၀ နဲ့ အီးယူနိုင်ငံများသို့ တန်ချိန် ၄၁၀၀ တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ဆန်ကွဲ ၂၂၇၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၆၂၉၂ တန်ပိုမိုတင် ပို့နိုင်တာတွေ့ရပါတယ်။ယခုတစ်ပတ်မှာ ကုန်သွယ်ရေးစခန်းများနဲ့  ပင်လယ် ရေကြောင်းမှ ဆန် ၂၀၁၃၇ တန်နဲ့ ဆန်ကွဲ ၁၆၃၃၃ တန်ပိုမို တင်ပို့နိုင်ကြောင်းသိရပါတယ်။        

  ယဉ်ယဉ်အေး

Local Trade News

Pages