မြန်မာ့ရွှေဈေး ကျပ် ခုနစ်သိန်းရှစ်သောင်းအထိ ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်း

Wed, 02/03/2016 - 07:36 -- admin_ygn

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကမြင့်တက်နေခဲ့သည့်မြန်မာ့ရွှေဈေးသည်ယခုတစ်ပတ်တွင်ဆက်လက်မြင့်တက်ခဲ့ကာ ကျပ် ခုနစ်သိန်းရှစ်သောင်းအထိ မြင့်တက်ခဲ့ပြီးမှ ပြန် လည်ကျဆင်းခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှစုံ စမ်း သိရှိရသည်။ကမ္ဘာ့ရွှေဈေးနှင့်အတူ  လိုက်ပါမြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်းကမ္ဘာ့ရွှေဈေးနှင့်အတူလိုက်ပါမြင့်တက်ခဲ့ပြီးနောက် ရက်သတ္တပတ်၏နောက်ဆုံးရက်များတွင် ပြန်လည်ကျဆင်းခဲ့ ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ဈေးမြင့်တက်လာခြင်းကြောင့်ပြည်တွင်းရွှေဈေးကွက်တွင်အဝယ်ထက်အရောင်းပိုများလာခဲ့ပြီးဈေးကွက်အတွင်းပြန်လည်ဈေးကျလာခြင်းဖြစ်ကြောင်းသိရသည်။''ကမ္ဘာ့ ဈေးကွက် မှာ ရွှေဈေး မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေ ဈေးကလည်း လိုက်ပြီးမြင့်တက်လာ တယ်။ ရွှေဈေးမြင့်တက်လာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ရောင်းလိုအား မြင့်တက်လာတယ်။ဈေးကွက်ထဲမှာရောင်းလိုအားမြင့် တက်လာတ ဲ့အတွက်ဈေးကပြန်ကျလာတယ်။ကမ္ဘာ့ရွှေဈေးကလည်းပြန်ကျလာတော့ဈေးကျတော့မယ်ဆိုတဲ့စိတ်နဲ့ ပြန်ရောင်းကြတာပါ။ ဒါကြောင့်လည်း  ပြည်တွင်းရွှေဈေးက ပြန်လည်ကျဆင်းလာရတာပါ''ဟု ရွှေ ကုန်သည်  ဦးလှမြင့်က ပြောကြားခဲ့ သည်။မြန်မာ့ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်က ကျပ် ၇၆၇၅၀၀ ရှိခဲ့ပြီးဇန်နဝါရီ ၂၇ ရက်တွင် ကျပ် ၇၈၀၀၀၀ သို့ မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၉ ရက် တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး ကျပ် ၇၇၄၀၀၀ သို့ ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၁၁၀၀ ဒေါ်လာရှိခဲ့ပြီး ဇန်န ဝါရီ ၂၇ ရက်တွင် ၁၁၂၀ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၈ ရက် တွင် ၁၁၂၂ ဒေါ်လာသို့ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်တွင် ၁၁၁၄ ဒေါ်လာ သို့ ပြန်လည်ကျဆင်းခဲ့သည်။
 မယ်သီတာ

Local Trade News

Pages