မော်လမြိုင်ရှိကွမ်းသီးဈေးနှုန်းအခြေအနေ

Tue, 10/17/2023 - 03:50 -- mocadmin

   မွန်ပြည်နယ်၌ ၂၀၂၂ ခုနှစ်တွင် ကွမ်းသီးစိုက်ဧက ၅၆,၂၆၁ ဧက အနက် ရိတ်သိမ်းဧက ၅၁,၄၂၅ ရှိပြီး တစ်ဧကအထွက်နှုန်း ၁,၀၅၅.၁၄ ပိဿာဖြင့် စုစုပေါင်းအထွက်နှုန်း ၅၄,၂၆၀,၇၀၉ ပိဿာ ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ကွမ်းသီးကို မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ လမိုင်း၊ ခေါဇာ စသည့်မြို့နယ်များ၌ စိုက်ပျိုးကြသည့်အနက် ဘီးလင်းမြို့၊ မော်လမြိုင်၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ လမိုင်းမြို့နယ်၊ ခေါဇာမြို့နယ်များမှာ ကွမ်းသီးစိုက်ပျိုးဧက အများဆုံးနှင့် အထွက်အများဆုံးမြို့နယ် များဖြစ်ကြောင်း သိရသည်။

   မော်လမြိုင် ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်နေသော ကွမ်းသီး ဈေးနှုန်းအနေဖြင့် ရေပေါင်းခြမ်း တစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၅၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်) တစ်ပိဿာလျှင် ၆၉၀၀ ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၅၉၀၀ ကျပ်၊ ရှယ်ဝိုင်းခြောက် (သန့်) တစ်ပိဿာလျှင် ၇၁၀၀ ကျပ်၊ ရှယ်ဝိုင်းခြောက် (အလယ်သား) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ မော်လမြိုင်အညိုသီး (အရော) တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ မော်လမြိုင်အညိုသီး (သန့်) တစ်ပိဿာလျှင် ၃၆၀၀ကျပ် ဖြစ်ကြောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)