မုံရွာကြက်သွန်နီဈေးနှုန်း ဆက်လက်ကျဆင်း

Tue, 03/07/2017 - 08:33 -- admin_ygn

 မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီလကုန်ပတ်မှာ ကြက်သွန်နီဈေးနှုန်း  ဆက် လက်ကျဆင်းလာတာ တွေ့ရပါတယ်။ ကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများပြား သဖြင့် ဈေးနှုန်း ကျဆင်းရခြင်းဖြစ်ကြောင်း မုံရွာကြက် သွန်နီပွဲရုံလုပ်ငန်းရှင်များထံမှသိရပါတယ်။ပွဲရုံသို့နေ့စဉ် ကြက်သွန်နီ ဝင်ရောက်မှုမှာ ပိဿာ ၂၀၀၀၀ ခန့်ရှိပြီး မုံရွာပွဲရုံများမှ ဒေသတွင်းဝယ်လက်များနှင့် အိတ်ဆွဲ သမားများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ ရောင်းဝယ်မှုအပါအဝင် တစ်ရက်လျှင် ပိဿာ ၃၀ ဝင် အိတ် ၆၅၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်  ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကား တစ်ပိဿာ (ကြီး)ကျပ်၇၀၀၊ (လတ်) ကျပ် ၆၀၀၊(သေး) ကျပ်၅၀၀နှုန်းရှိပြီး လက်လီ ဈေးနှုန်းတစ်ပိဿာ(ကြီး)ကျပ်၁၀၀၀၊ (လတ်)ကျပ် ၉၀၀၊ (သေး) ကျပ်၈၀၀နှုန်းဖြစ်ပြီးယခင်တစ်ပတ်က ပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ (ကြီး) ကျပ် ၈၀၀၊ (လတ်) ကျပ်၇၀၀၊ (သေး) ကျပ် ၆၀၀၊ လက်လီဈေးနှုန်းမှာ တစ် ပိဿာ (ကြီး) ၁၃၀၀ ကျပ်၊ (လတ်) ၁၂၀၀ ကျပ်၊ (သေး) ၁၁၀၀ ကျပ် အသီးသီး ရောင်းဝယ်လျက်ရှိပါတယ်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာ ဈေးနှုန်း ကျပ် ၃၀၀ ဝန်းကျင်ခန့် ကျဆင်းသွားကြောင်း သိရှိရပါတယ်။
ကြက်သွန်ဖြူဈေးကွက်တွင် ကြက်သွန်ဖြူသစ်များ မုံရွာပွဲရုံသို့ပိဿာ ၃၀၀၀ ကျော် ဝင်ရောက်လာကြောင်း သိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူ (ဟောင်း) တစ်ပိဿာဈေးနှုန်းမှာ ပွဲရုံဈေး(ဗမာ) ကျပ် ၅၀၀၀၊ (ရှမ်း) ကျပ် ၄၈၀၀၊ လက်လီကတော့တစ်ပိဿာ(ဗမာ) ကျပ် ၅၅၀၀၊(ရှမ်း) ကျပ် ၅၀၀၀ ဖြစ်ပြီး အသစ် လက် ကားဈေးနှုန်းမှာ(ဗမာ) ကျပ် ၂၈၀၀၊(ရှမ်း) ကျပ် ၂၅၀၀၊ လက်လီ ဈေးနှုန်းမှာ (ဗမာ) ကျပ် ၃၀၀၀၊(ရှမ်း) ကျပ် ၂၈၀၀နှုန်းပေါက်လျက် အရောင်းအဝယ် ပုံမှန်ဖြစ်လျက် ရှိကြောင်း မုံရွာကြက်သွန်နီပွဲရုံမှသိရပါတယ်။
ကြည်ကြည်နွယ်(မုံရွာ)

 

Local Trade News

Pages