မုံရွာကုန်စည်ဒိုင်တွင် ပြည်တွင်း/ပြည်ပဝယ်လက်များကြောင့် ပဲကြီးဈေးကွက် အရောင်းအဝယ်သွက်ပြီးဈေးမြင့်

Fri, 03/31/2017 - 08:28 -- admin_ygn

     မတ်လ တတိယပတ်မှာ မုံရွာကုန်စည်ဒိုင်၏ ပဲဈေးကွက်တွင်အရောင်း အဝယ်အသွက်ဆုံးမှာ အသစ်ဝင်ရောက်လာတဲ့ ပဲကြီးများဖြစ်ကြောင်း မုံရွာ ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။ ပဲကြီး(အဟောင်း)မှာ
ဒေသတွင်းဈေးကွက်လက်ကျန်မရှိတော့တဲ့အတွက် ဒေသတွင်း အသုံးပြု သူများကလည်း နေ့စဉ်ဝယ်ယူလျက်ရှိပါတယ်။ ပြည်ပဝယ်လက်ဖြစ်တဲ့ ရန်ကုန်ဝယ်လက်ကလည်း ဆက်တိုက်ဝယ်ယူလျက် ရှိပါတယ်။ ဒါကြောင့် ကုန်စည်ဒိုင်သို့ ဝင်ရောက်သမျှ ပဲများအားလုံး နေ့စဉ်အရောင်းအဝယ်ဖြစ်နေ တယ်လို့ဆိုပါတယ်။
မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ် ပဲကြီးအိတ်ရေ ၂၀၀၀ ကျော်ခန့် ဝင် ရောက်နေပြီး လုံးပိန်လုံးညှပ်၊ မြောက်ခေါင်းကင်းပြီး အရည်အသွေးကောင်း တယ်လို့သိရပါတယ်။  ပဲကြီးတစ်တင်းကျပ်၃၆၀၀၀ဈေးရှိပြီး ယခင်နှစ်ကာလ တူဈေးမှာတစ်တင်းကျပ်၂၂၅၀၀ဈေးရှိပါတယ်။   

အောင်မင်း(တန့်ဆည်)

 

Local Trade News

Pages