မန်ကျည်းတန်ချိန် ၂၄၀ကျော်တင်ပို့

Fri, 06/15/2018 - 07:20 -- admin_ygn

မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၄၂ တန်ကို ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။   ဒီတစ်ပတ်စင်ကာပူနိုင်ငံသို့ ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံသို့ တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။  ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန် ၂၉၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာ တန်ချိန် ၅၀ ကျော် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(အသစ်)က တစ် တန်ကို ပျမ်းမျှ  အမေရိကန်ဒေါ်လာ ၃၈၀-၄၀၀ ဝန်းကျင်ရရှိခဲ့ပြီး မန်ကျည်းသီး (အဟောင်း)က တစ်တန်ကိုပျမ်းမျှ အမေရိကန်ဒေါ်လာ၂၀၀၀န်းကျင်  ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၅၂၆၀ ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။                                               

သီတာဝင်း( DOT )

Local Trade News

Pages