မန္တလေးဈေးကွက်မှာ မတ်ပဲဈေးကျသော်လည်း ကုလားပဲဖြူလုံးကြီး တက်ရိပ်ပြနေ

Thu, 07/28/2016 - 03:42 -- admin_ygn

ဒီတစ်ပတ် မန္တလေးဈေးကွက်မှာ မတ်ပဲဈေးကျဆင်းခဲ့ပြီး ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းဈေးအနည်းငယ် တက်ရိပ်ပြခဲ့ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာမတ်ပဲကို ပဲခွဲစက်တွေက တစ်ပိသာ ၂၅၀၀ ကျပ် (တစ်တန်ကို ၁၅၃၀၉၇၅ ကျပ်) နဲ့ ဈေး ဖွင့်ခဲ့ပြီး တစ်နေ့ကို သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိသာ၁၅၁၁ ကျပ် ရှိခဲ့တဲ့ ပဲတီစိမ်းကြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၅၂၉ ကျပ် ( တစ်တန်ကို ၉၃၆၃၄၄ ကျပ် ) နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး  တရုတ်ဝယ်လက်နဲ့ ပဲခွဲစက်တွေက တစ်နေ့ကို အိတ် ၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီး က ယခင်တစ်ပတ်ထက်ဈေးမြင့်ပြီး ယခုတစ်ပတ်မှာ တစ်ပိသာ ၂၂၇၁ ကျပ် ( တစ်တန်ကို ၁၃၉၀၇၃၇ ကျပ် ) အထိ ဆက်လက်ဈေး မြင့်ခဲ့ပါတယ်။ အမှုန့်ကြိတ်စက်တွေက အဝယ်ရှိပြီး တစ်နေ့ကို သုံးတင်းအိတ် ၅၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။ 

Local Trade News