ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နေတဲ့ ကလေးမြို့၏ ချင်းရိုးရာ အထည်ဈေးကွက်

Mon, 09/03/2018 - 09:08 -- admin_ygn

    ကလေးခရိုင်၊ ကလေးမြို့အတွင်း ချင်းရိုးရာ အထည်ရက်လုပ်မှုနှင့် ပတ် သက်၍ ယခုလအတွင်းတွင် နိုင်ငံခြားမှ ဥမိနမ  လက်ခံပြီး ရန်ကုန်မြို့မှတစ်ဆင့် အမေရိကားသို့တင်ပို့လျက် ရှိပါ ကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် အနိမ့်ဆုံးဈေးလုံချည် တစ်ကွင်းလျှင် ကျပ် ၁၃၀ဝ၀ ၊ အမြင့်ဆုံး လုံချည် တစ် ကွင်းလျှင်ကျပ် ၂၅၀ဝ၀ ပေါက် ဈေးရှိ သော လုံချည်များကို မှာယူမှုများရှိ ကြောင်း၊ အများအားဖြင့် ရိုးရာဝတ်စုံ များမှာ မှာယူမှုများရှိပြီး မြို့နယ်တွင်း  ၁၀ ကွင်း၊ ၁၂ ကွင်း လာရောက် ဝယ်ယူ လျှင်လည်း ရောင်းချပေးလျက်ရှိပါ ကြောင်း၊ ဥမိနမ မှာယူမှုကို အနည်းဆုံး ကွင်း ၅၀ မှ ကွင်း ၃၀ဝ ထိ မှာယူလျက် ရှိပါကြောင်း၊ တောင်ပေါ်ဒေသ၊ မန္တလေး မြို့များသို့လည်း တင်ပို့ ရောင်းချလျက် ရှိကြောင်း၊ ရက်ကန်းရက်လုပ်သူများ အနေဖြင့် ၁၃၀ဝ၀ ကျပ်တန် လုံချည် တစ်ကွင်း ရက်လုပ်လျှင် ရက်လုပ်အားခ ကျပ် ၄၅၀ဝ ရရှိပြီး၊ ကျပ် ၂၅၀ဝ၀ တန် လုံချည်တစ်ကွင်း ရက်လုပ်ပါက လုပ် အားခကျပ် ၈၀ဝ၀ ရရှိပါကြောင်း၊ တစ်ရက်လျှင်တစ်ကွင်း၊ နှစ်ကွင်းထိသာ ရက်လုပ်နိုင်ပါကြောင်း သိရှိရပါသည်။

    အရောင်းအဝယ်နှင့် ပတ်သက် ပြီး ပုံမှန်ရောင်းဝယ်မှုရှိကြောင်း၊ ရက် ကန်းရက်လုပ်ခြင်း လုပ်ငန်းအနေဖြင့် အမြတ်အနည်း /အများကွာဟမှုရှိပြီး အရှုံးမရှိကြောင်း၊ ယခုအခါတွင် ချင်း တိုင်းရင်းသားများသည် နိုင်ငံအနှံ့အပြား တွင် နေထိုင်မှုများရှိလာပြီး မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကို မေ့ပျောက် မသွားစေရန်အတွက် ရိုးရာဝတ်စုံများ ကို ဘုရားကျောင်းတက်၊ မင်္ဂလာအခမ်း အနားများ၊ ဆုတောင်းပွဲများတွင် တူညီ ဝတ်စုံများ ဝတ်ဆင်လေ့ရှိကြောင်း သိရ သည်။ ချင်းတိုင်းရင်းသားများ နေထိုင် သည့် ကနေဒါ၊ ဩစတြေးလျ၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့လည်း  ချင်းရိုးရာ လုံချည်အပါအဝင် လွယ်အိတ်၊ တဘက်၊ ပတ်ထမိန်များကို တင်ပို့ရောင်းချလျက် ရှိပါကြောင်း သိရှိရပါသည်။ မိုးရာသီ တွင် ဝယ်လက်အနည်းငယ်ရှားပါးမှုများ ရှိကြောင်း၊ ချင်းလုံချည်များကို ရက် လုပ်ရာတွင် အိန္ဒိယနိုင်ငံမှလာသော ချည်များကို အသုံးပြုမှုများကြောင်း၊ လုံချည်မှာယူသည့် အရောင်လိုအပ် ချက်များအရ တရုတ်ချည်များကို အသုံး ရကြောင်း၊ ချည်ဝယ်ယူဈေးနှုန်းများ အနေဖြင့် အိန္ဒိယချည် တစ်ထုပ်လျှင် ကျပ် ၃၀ဝဝဝ ၊ တရုတ်ချည် တစ်ထုပ် လျှင်ကျပ် ၂၆၀ဝ၀ ဖြင့် ဝယ်ယူ၍ ရက်လုပ် ကြောင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ   ဦးဝင်းစိုး၏ ပြောကြားချက်အရ သိရသည်။

   ထို့ပြင် ရက်ကန်းရက်လုပ်ရာတွင် အရင်းအနှီးအနေဖြင့်  ရက် လုပ်သူအား ကြိုတင်ငွေပေးထားရကြောင်း၊ တင်ပို့ ရာတွင်လည်း ပို့ပြီးမှ ရက်အကန့်အသတ် နှင့် ငွေလွှဲပို့ရပြီး အရင်းအနှီးကို ကြို တင် စိုက်ထုတ်ရမှုရှိကြောင်း၊ ငွေအရင်း အနှီးရှိမှသာလျှင် လုပ်ငန်းများ လည် ပတ်နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါ သဖြင့် နိုင်ငံတော်မှ လုပ်ငန်းအပေါ် ချေးငွေထုတ်ပေးလျှင် လုပ်ငန်းပိုမို အဆင် ပြေနိုင်ကြောင်း သိရှိရ၍ ကလေးမြို့၏ ရက်ကန်းလုပ်ငန်း အစုအဖွဲ့ ဖွံ့ဖြိုးတိုး တက်စေရန် အဖက်ဖက်မှ ဝိုင်းဝန်း ကူညီစေလိုကြောင်း တင်ပြလိုက်ရပါ သည်။

 

သန်းသန်းဝင်း (ကလေး)