ပြည်တွင်းရွှေဈေး အမြင့်ဈေးဖြင့် ဈေးငြိမ်နေ

Wed, 05/11/2016 - 05:57 -- admin_ygn

   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကတည်းက မြင့်တက်ခဲ့သည့်ပြည်တွင်း ရွှေဈေးသည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်ခဲ့ပြီး ဈေးအမြင့်ဖြင့် ဈေးငြိမ်ကာအရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။ယခုကဲ့ သို့ပြည်တွ င်းရွှေဈေးမြင့် တက်ရခြင်းမှာကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့်ဖြစ်ကြောင်း၊ ရွှေဈေးမြင့် တက်လာမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ယခင်တစ်ပတ်ကထက် ပိုမိုသွက်လက်လာကြောင်းရွှေကုန်သည် တစ်ဦး ကပြောကြားခဲ့သည်။''ကမ္ဘာ့ရွှေဈေးက ပြီးခဲ့တဲ့တစ်ပတ် ကတည်းက မြင့်တက်နေတာ။ ဒီတစ်ပတ်ကျတော့ ကမ္ဘာ့ရွှေဈေးကဒေါ်လာ ၁၃၀၀လောက်အထိမြင့်တက်လာတယ်။ ဒီမှာပြည်တွင်းငွေလဲနှုန်းက ပြန်ကျလာေ တာ့ဈေးကွက် ထဲမှာရွှေဈေးကသိပ်ပြီးတက်မလာတာပါ။ဈေးမြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ ပြန်ရောင်းတဲ့သူတွေများလာတယ်။ အဝယ်ကတော့သိပ်မရှိပါဘူး။ ဈေးပြန်တက်မတက်ဆိုတာကကမ္ဘာ့ရွှေဈေး ပေါ်မှာပဲမူတည်ပါတယ်။ ဒါပေ မယ့် ဒီနေ့aနာက်ဆုံးရတဲ့သတင်းအရဆိုရင် ကမ္ဘာ့ရွှေဈေးက အရင်နေ့တွေ ကထက်နည်းနည်း ပြန်ကျသွားတယ်။ အဲဒါကြောင့် ဒီပိတ်ရက်ကို ကျော်သွား ရင်တော့ ဈေးပြန်ကျလိမ့်မယ်လို့ ထင် ပါတယ်''ဟု ရွှေကုန်သည် ဦးလှမြင့် က ဆိုသည်။ပြည်တွင်းရွှေဈေးသည်မေ ၂ရက် က ကျပ် ၇၉၁၀၀၀ ရှိခဲ့ပြီး မေ ၃ ရက် တွင် ကျပ် ၇၉၃၅၀၀သို့ ဆက်လက်မြင့်တက်ခဲ့သည်။ သို့သော် မေ ၅ ရက်တွင် ကျပ် ၇၈၉၅၀၀ သို့ ကျဆင်းခဲ့ပြီး မေ ၆ ရက်တွင် ကျပ် ၇၈၉၀၀၀ သို့ ဆက် လက်ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် မေ ၂ ရက်က အမေရိကန်ဒေါ်လာ ၁၂၉၂ ရှိခဲ့ပြီး မေလ ၃ရက်တွင် ၁၂၉၉ ဒေါ်လာ သို့မြင့်တက်ခဲ့သည်။ မေ ၅ ရက်တွင်အမေရိကန်ဒေါ်လာ ၁၂၇၈သို့ကျဆင်းခဲ့ပြီး မေ ၆ရက် တွင် ၁၂၇၅ ဒေါ်လာသို့ ဆက်လက်ကျဆင်းခဲ့သည်။
မယ်သီတာ