ပြည်ဈေးကွက်သို့ ဆီးသီး အမှည့်များ ဝင်ရောက်လျက်ရှိ

Wed, 01/13/2016 - 06:56 -- admin_ygn

အသီးအနှံဈေးကွက်တွင် ယခုတစ်ပတ် ဇန်နဝါရီလပထမပတ်အတွင်း ဆီးသီးအမှည့်ခြင်းတွေ ပြည်၊ ဆင်တဲ၊ ပန်းတောင်း၊ ဖိုးဦးတောင်တို့ဘက်မှ ထွက်ရှိလာပြီးဈေးကွက်ဝင်လာပါတယ်။ တစ်တင်းခွဲဝင်ခြင်း ၃၀၊ ၄၀အဝင်ရှိပြီး ဒေသတွင်း လက်လီအရောင်းသမားများနှင့်ယိုစုံလုပ်ငန်းတို့မှ အဝယ်ရှိတာကြောင့် တစ်နေ့ချင်းအရောင်းအဝယ်အကုန် ဖြစ်ကြောင်းလည်း သိရပါ တယ်။ဝင်ရောက်လာတဲ့ ဆီးသီးအရသာနဲ့  မျိုးအရည်အသွေးပေါ် မူတည်ပြီး ဈေးအနည်းငယ်ကွာခြားပါတယ်။ ဆီးချို တစ်တင်းကို ၁၂၀၀၀ ကျပ်အထိရှိပြီး၊ ဆီးချိုချဉ်တစ်တင်း၈၅၀၀ ကျပ်ရှိပါ တယ်။ ယိုစုံလုပ်ဆီးသီးအချဉ်ကတော့ တစ်တင်း ၆၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။                                          

နီနီဝင်း-ပြည်