ပြည်ဆန်စပါးဈေးမြင့်လာလို့ နယ်သမား အဝယ်နားတာကြောင့် ဈေးပြန်အေး

Mon, 01/11/2016 - 08:38 -- admin_ygn

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စပါးဈေး၊ ဆန်ဈေးတွေ အနည်းငယ်မြောက်လာ ခဲ့ပါတယ်။ စပါးဈေးရော ဆန်ဈေးပါ မြောက်ခဲ့တာကြောင့် နယ်တင်ပို့မှုမှာ တွက် ခြေမကိုက်လို့ ယခုဇန်နဝါရီ လ ဒုတိယ ပတ် အတွင်း အဝယ်မရှိတော့တာ တွေ့ရ ပါတယ်။ဒေသတွင်း အရောင်းအဝယ်သာရှိနေတာကြောင့် ဆန်ဈေးစပါးဈေး ပြန် အေးလာပါတယ်။ ယခုသီတင်းပတ် ဆန် စပါးဈေး ကွက်တွင် တောင်ပျံမွှေးစပါး တင်း  ၁၀၀ (၄၆ပေါင်ကိုက်) ဈေး ၇၁၇၆၀၀ ကျပ်ဖြစ်ပြီး   ဆန်တစ်အိတ်ဈေးနှုန်း ကတော့ ၂၈၀၀၀ ကျပ်ထိ ပြန်ကျလာခြင်း ဖြစ်ပါတယ်။ ဒီဇင်ဘာ နောက် ဆုံးပတ်မှာ တောင်ပျံမွှေးစပါးဟာ၇၄၀၀၀၀ ကျပ်ကျော်ထိပေါက်ခဲ့ပြီး ဆန်တစ်အိတ်ကို ကျပ် ၃၀၀၀၀ ထိမြင့်လာတာကြောင့် နယ်သမားတွေ ဈေးမကိုက်ဘဲ အဝယ်မရှိ သလောက် ဖြစ် ခဲ့ပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထစပါးဈေးရောင်းတန်းဝင် ၅၅၂၀၀၀ ကျပ်ထိ ပြန် လည်ကျဆင်းလာပြီး၊ ဆန်တစ်အိတ် (ထိပ်စ) ၂၁၀၀၀ ကျပ်ထိ ဈေးကျလာခြင်းဖြစ် ပါတယ် ။ဒေသ တွင်းစားသုံးနေတဲ့ စပါး၊ ဆန်ဈေးကတော့  ပုံမှန်ဈေးသာ ဖြစ် ကြောင်းလည်း သိရပါတယ်။ အခုတစ်ပတ်ထဲထိ နယ်သို့ လုံးဝအတင်မရှိသော် လည်း ဒေသတွင်းအိတ် ဆွဲ ရောင်းဝယ်မှု ကတော့ ပုံမှန်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။                                                                   

    နီနီဝင်း-ပြည်

Local Trade News

Pages