ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး

Thu, 06/15/2023 - 06:44 -- comsumer

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စပါးသည် အဓိကစိုက်ပျိုးသော သီးနှံအမျိုးအစား တွင်ပါဝင်ပြီး မိုးစပါး စိုက်ဧက(၄၈၆၉၅)ကျော် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး၊ ယခုနှစ်သည် ယခင်နှစ်ထက် စိုက်ဧက ပိုမိုစိုက်ပျိုးနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ဧပြီလတွင် မိုးရွာသွန်းမှုကြောင့် မေလမှ စတင်၍ စပါးအခြောက်ကြဲ၍ စတင်စိုက်ပျိုးနေလျက်ရှိပြီး ကြဲစပါးခင်း ဧကအနေဖြင့် ၃၀ ရာခိုင်နှုန်း ခန့် စိုက်ပျိုးပြီးစီးနေကြောင်း သိရသည်။

စပါးမျိုးစျေးနှုန်းများ၊ စက်သုံးဆီ ၊ ဓာတ်မြေသြဇာနှင့် သွင်းအားစုဈေးနှုန်းများ မြင့်တက် နေပြီး လုပ်သားရှားပါးမှုတို့ကြောင့် တောင်သူများအနေဖြင့် စိုက်ခင်းအစား ကြဲခင်းများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသွယ်လတ် ၊ မနောသုခ ၊ ဆင်းသုခ ၊ ကျော်ဇေယျ ၊ သီးထပ်ရင် ၊ ဆင်းစွယ်ရင် ၊ ဧရာမင်း ၊ ကောက်ညှင်း ၊ အင်းမရဲဘော် ၊ တစ်ထောင်ပို၊ ကရင်မ စပါးတို့ဖြစ်ပြီး မိုးညိုမြို့နယ်၏ ရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှု၊ စားသုံးမှု နှင့်ကိုက်ညီသော ကရင်မစပါးမျိုးများနှင့် ဆင်းသုခစပါးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူးတိုင်း)

Local Trade News

Pages