ပိုးသတ်ဆေးကြောင့်ကျရသည့် မျက်ရည်ပေါက်များ ခန်းခြောက်စေလို

Thu, 01/03/2019 - 09:37 -- admin_ygn

လူသားသက်ရှိသတ္တဝါတို့၏   စားနပ်ရိက္ခာဖူလုံရေး အတွက် သစ်ပင်သီးနှံများကို စိုက်ပျိုးလာကြရသည်။ သစ်ပင် သီးနှံများကို တိုးချဲ့စိုက်ပျိုးလာရလေလေ သစ်ပင်သီးနှံများနှင့် အတူ ဖွားဘက်တော်အဖြစ်  ပေါ်ပေါက်လာ သည်မှာ သစ်ပင် သီးနှံဖျက်ဆီးသည့်ပိုးမွှားများပင်ဖြစ်သည်။ သီးနှံသစ်ပင်များ ကို ပိုးမွှားဖျက်ဆီးသဖြင့် ဆုံးရှုံးရသည်မှာ နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်ပင်ရှိသည်ဟု ဆိုပါသည်။သစ်ပင်သီးနှံများကို     ဖျက်ဆီးသည့် ပိုးမွှားများကို ကာကွယ် နှိမ်နှင်းရန် ပိုးသတ်ဆေးအမျိုးမျိုးကို သုံးစွဲလာကြ သည်။   ပိုးသတ်ဆေးအပျော့စားမှသည်   အပြင်းစားအထိ လက်လွန်လာကြသည်။ ဤသည်ကို    အကြောင်းပြု၍ စီးပွားရေးသမားများက  အကွက်မြင်လာကြသည်။ ပိုးသတ် ဆေးများကို တိုး၍တိုး၍  ထုတ်လုပ်လာကြပြီး ဈေးကွက်တွင် သူ့ထက်ငါ အပြိုင်တိုးနေကြသည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၀ဝ၀ ကျော်ရှိလာပြီး   တန်ချိန် ၃ ဒသမ ၅ သန်းကျော်ရှိနေပြီဖြစ်သည်။မြန်မာနိုင်ငံတွင်   စိုက်ပျိုးရေးကဏ္ဍအတွက် တစ်နှစ် လျှင် ပိုးသတ်ဆေးတန်ချိန်သုံးသောင်းကျော် နှစ်စဉ်တင်သွင်း အသုံးပြု နေကြသည်ကို တွေ့ရသည်။ ဤသို့ အသုံးပြုရာတွင် လူနှင့်သတ္တဝါတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သော ပိုးသတ် ဆေး ၃၉ မျိုးကို လုံးဝအသုံးမပြုရန် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ မှ တားမြစ်ထားသည်။
ဤသို့  သီးနှံသစ်ပင်တို့အား  ဖျက်ဆီးသည့်ပိုးမွှားများ အား   ကာကွယ်နှိမ်နင်းရာတွင် အသက်အန္တရာယ်ကင်းဝေး စေရန်အတွက်   စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးများ စနစ်တကျကိုင်တွယ် အသုံး ပြုနည်းကို ပညာပေးဖြန့်ဝေ ထားပါသည်။ ပိုးသတ်ဆေးဝယ်လျှင် အဖုံးလုံသောဆေးများ ကို စိစစ်ဝယ်ယူဖို့၊ ပိုးသတ်ဆေးများကို  မိမိအိမ်သို့ သယ်ယူ လျှင် အစားအစာ၊ ဟင်းလျာများနှင့်ရောနှောမသယ်ယူဖို့၊ မိမိ အိမ်ရောက်လျှင်လည်း ကလေးများမမီသောနေရာ၊လုံခြုံစိတ် ချရသောနေရာတွင်   စနစ်တကျထားဖို့၊ အသုံးပြုပြီး ပိုးသတ် ဆေးဗူးခွံများတွင်စားသုံးဆီ၊ငံပြာရည်စသည့်တို့ ထည့်မသုံးဖို့၊ ဗူးခွံများကို  မြေကျင်းနက်နက်တူးမြှုပ်ဖို့၊ ဆေးကျန်၊ ဆေးဖျန်း ပုံးဆေးသော ရေများကိုလည်း မြစ်ချောင်းအင်းအိုင်ထဲ မစွန့် ပစ်ဖို့၊ မြက်ခင်းများအပေါ်လွယ်လွယ်မစွန့်ပစ်ကြဖို့၊  ဆေး ဖျန်းသည့်အခါမှာလည်း လူတစ်ကိုယ်လုံး လုံလုံခြုံခြုံ ဝတ် ဆင်ဖို့၊ နှာခေါင်းစီးတပ်ဖို့၊  အဖုံးလုံပိုက်ပေါက်မဖြစ်သော ဆေးဖျန်းပုံးကိုသာ သုံးဖို့၊ ဆေးဖျော်ရာမှာ   မဖိတ်စင်ဖို့၊ ဆေး ကို လက်နဲ့မမွှေဘဲ တုတ်နဲ့မွှေဖို့၊   နေ့လယ်  နေပြင်းပြင်းပူချိန် ဆေးမဖျန်းဖို့၊  ဆေးဖျန်းရင်လည်း လေတိုက်နေသောဘက်ကို မျက်နှာမူပြီး   မဖျန်းဖို့၊ ဆေးဖျန်းပိုက်ခေါင်းကိုနှိမ့်ပြီး အပင် အရွက်တွေကို ထိအောင်ဖျန်းဖို့၊ ဆေးဖျန်းပိုက်ခေါင်း နော် ဇယ်ပိတ်ရင်   ပါးစပ်နဲ့မမှုတ်မိဖို့၊ မစုပ်မိဖို့၊ ဆေးဖျန်းပြီးလျှင် ဆေးအာနိသင်  ပျက်ပျယ်သည့်ကာလကျော်မှ အသီးအနှံများ ဆွတ်ခူးဖို့ စသည့် အန္တရယ်ကင်းအောင် သတိပေးချက်တွေ အားလုံးပါဝင်ပါသည်။
မြန်မာနိုင်ငံတွင်   ဤသို့သတိပေးချက်များကို မျက် ကွယ်ပြု၍ ပိုးသတ်ဆေးများကို သုံးစွဲနေကြသဖြင့် တောင်သူ ဦးကြီးများ  အသက်ဆုံးရှုံးရခြင်း၊ ဘေးအန္တရယ်များကြုံခြင်း စသည့်  အနိဌာရုံသတင်းများ သတင်းစာ၊  ဂျာနယ်များတွင် နေ့စဉ်နှင့်အမျှ ဖတ်ရှုကြားသိနေရ သည်မှာ အလွန်ဝမ်းနည်း စရာကောင်းလှပါသည်။
''လယ်သမား၏သားလေး   မောင်ကျောက်ဒိုး  ဆေး ဖျန်းရင်း ဆေးဖျန်းပိုက်ခေါင်းပိတ်ရာ ပါးစပ်နှင့် မှုတ်/စုပ် သဖြင့် စိုက်ခင်းထဲ မှာပင် တုံးလုံးလဲ၍အသက်ဆုံးရှုံးသွားတဲ့ သတင်း''သေသူ  မောင်ကျောက်ဒိုး၏ မိဘများ၊  ညီအစ်ကို မောင်နှမများ၊ ဆွေးမျိုးသားချင်းများ ၊ ဦးကြီး၊ ဦးဒွေး၊ ဒေါ်ကြီး၊ ဒေါ်လေး ၊ သူငယ်ချင်းများအားလုံး  ဝမ်းနည်းပတ်လက်ဖြင့် ကျခဲ့ရသည့် မျက်ရည်ပေါက်များ၊
''အသက် (၇)နှစ်အရွယ်ရှိ သမီးလေး မနှင်းမိုး ပိုးသတ် ဆေးရည် ပုလင်းနှင့် အချိုရည်ပုလင်း   မှားသောက်မိတဲ့ အတွက် မဖြစ်သင့်ဘဲ    အသက်ဆုံးရှုံးသွားရတဲ့သတင်း'' သေဆုံးသွားတဲ့ သမီးလေး  မနှင်းမိုး၏ မိဘနှစ်ပါး၊ ညီအစ်ကို မောင်နှမများ၊  ဦးကြီး၊ ဦးဒွေး၊ ဒေါ်ကြီး၊ဒေါ်လေး ၊ ဆွေမျိုးသား ချင်းများ ၊ကျောင်းနေသူ သူငယ်ချင်းများ တစ်လှိုက်လှိုက်ဖြင့် ရင်ဖို၍ကျခဲ့ရသည့် မျက်ရည်ပေါက်များ၊
''အဖုံးမလုံသော ပိုးသတ်ဆေးပုလင်းကို ဆိုင်က ဝယ် ယူပြီး၊  ဈေးမှဝယ်ယူသော ဟင်းလျာများဖြင့် ဈေးခြင်းတောင်း တွင်  ရောနှောသယ်ယူခဲ့သော   တောင်သူလယ်သမားကြီး ဦးစံထွေး အဆိုပါ ဟင်းလျာများကို ချက်စားမိရာမှ မိသားတစ် စုလုံး အသက်ပါသွားတဲ့သတင်း''သေဆုံးသူမိသားစု တစ်စု လုံးအတွက် တစ်ရွာလုံးမှ ဖြစ်မှဖြစ်ရလေဆိုပြီး  အပူလုံးကြီး ထ၍ ကျခဲ့ရသည့် မျက်ရည်ပေါက်များ၊
စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို တင်ပြပါမည်။ တစ်နေ့တွင် ရန်ကုန်တိုင်းအတွင်းက ရွာကြီးတစ်ရွာ၏ စိုက် ပျိုးရေးစခန်းသို့ လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲရောက် ပါသည်။ လယ်သမားကြီးများ ၃၀ဝ ကျော်ခန့် တက်ရောက်ပါ သည်။ အဆိုပါရွာသည် မကြာခဏဆိုသလို ဆွေးနွေးပွဲများဖြင့် ရောက်ရှိခဲ့ရာ    ခင်မင်ရင်းနှီးသော   လယ်သမားအတော် များများရှိပါသည်။ အချို့က မိသားစုတစ်ဝိုင်းနီးပါးထိ ခင်မင် ရင်းနှီးမှုရှိကြပါသည်။
ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲတက်ရောက်လာသော ခင်မင်ရင်းနှီးတဲ့ လယ်သမားကြီး ဦးမြရွှေက စာရေးသူအနား ကပဲ လာပြီး တိုးတိုးလေးပြောပါသည်။  သူပြောတာကတော့ '' ဆရာ၊ ဆရာ့မိတ်ဆွေကြီး အောင်မိုး ဆေးရုံရောက်နေတယ်။ ဒီဆွေးနွေးပွဲ ဆရာလာမယ်ဆိုတာတောင် ဒီကောင်မတက် နိုင်ဘူး၊  အဲဒါဆရာဆေးရုံလိုက်ပြီး  အားပေးပါဦးဆရာ''ဟု ဆိုပါသည်။ စာရေးသူလည်း  ''အေးဗျာ  ဘယ်လိုဖြစ်တာတုံး၊ သွားရမှာပေါ့ဗျာ၊ ကဲ-ခုပဲ ဆေးရုံသွားကြတာပေါ့''ဟု  ပြော ပြောဆိုဆို ထိုင်ရာမှထပြီး ဆေးရုံလိုက်သွားကြပါသည်။
ဆေးရုံမှာ ကိုအောင်မိုးရဲ့ လူနာကုတင် ဘေးမှာ ရပ်ပြီး အားပေးစကားပြောရပါသည်။ ကိုအောင်မိုးမှာ စကားပင် ပြန် မပြောနိုင်ပါ။ မျက်လုံးမှ မျက်ရည်များ  တွင်တွင်စီးကျနေပြီး စာရေးသူ၏ လက်ကို သူ၏လက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ် ထားပါသည်။  စားရေးသူလဲ  သူကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ မျက်ရည်ပေါက်များ စီးကျခဲ့ရပါသည်။
အခြားရွာသားများအား   ဖြစ်ကြောင်းစုံလင်မေးကြည့် ပါသည်။ အလှူတွင်   ကျွေးသော   မုန်ညင်းသီးစုံချည်ရည်၊ ပန်းဂေါ်ဖီကြော်၊   ဝက်သားအိုးကြီးနှပ်၊  ငါးပိကြော်စားရာမှ ကိုအောင်မိုးအပါအဝင် လူ ၁၀ဝ ကျော်ခန့်  မူးဝေအော့အန်ပြီး ဆေးရုံကိုရောက်ကုန်ကြောင်း၊    ကံဆိုးသူ(၂)ယောက်မှာ အသက်ဆုံးရှုံးသွားကြောင်း အသေးစိတ် သိရပါတော့သည်။ အစာအဆိပ်သင့်ခြင်းဖြစ်ပါသည်။ မုန်ညင်းသီးစုံနှင့် ပန်းဂေါ်ဖီ တွင် ပိုးသတ်ဆေးဓာတ်ြွကင်းများကျန်နေကြောင်း၊ ဓာတ်ခွဲ စစ်ဆေးချက်အဖြေက  ဆိုသည်ဟု   ပြောပါသည်။ အဆိုပါ မုန်ညင်းသီးစုံနှင့် ပန်းဂေါ်ဖီစိုက်ခင်းများမှာ ရွာတွင် စိုက်ပျိုး သာ စိုက်ခင်းများဖြစ်ပါသည်။ ပိုးသတ်ဆေးဖျန်းပြီး ဆေးပျက် ပျယ်သော ကာလကျော်လွန်အောင် မထားဘဲ  တစ်ပတ်ကြို တင်ခူးဆွတ်ခြင်းက  တရားခံဖြစ်နေသည်ကို တွေ့ရပါသည်။ လူနာကို နှုတ်ဆက်ပြီး စာရေးသူအိမ်သို့ ပြန်လာခဲ့ပါသည်။
အိမ်ရောက်ပြီး ခေတ္တနားနေ၍ စားပွဲပေါ်ရှိ ဂျာနယ် တစ်စောင် ကိုယူဖတ်လိုက်မိပါသည်။ ''နွားစာကျက်မြက်ခင်း ပေါ်တွင် ဆေးဖျန်းပုံးဆေးသော ရေများ လွယ်လွယ်စွန့်ပစ် သဖြင့် မြစ်ကြီးနားမြို့ မချမ်းဘောတွင်   ကျွဲအကောင်  ၃၀ သေဆုံးသည့်သတင်း'' -'' ''ပိုးသတ်ဆေးဓာတ်ြွကင်းရှိ ဟင်းသီး ဟင်းရွက်များ ချက်ကျွေးရာမှ ကျောင်းသား၊ ကျောင်းသူ ၆၀ ဦး မူးဝေအော့အန်သဖြင့်   ဆေးရုံပို့လိုက်ရသည်  ဆိုသည့် အိန္ဒိယနိုင်ငံ၊ ပန်ချပ်ပြည်နယ် ကျောင်းတစ်ကျောင်းကဖြစ်ရပ် သတင်''များကို ဖတ်လိုက်မိရာ စာရေးသူရင်ထဲ  တစ်ပူပေါ် နှစ်ပူဆင့်သလို ခံစားလိုက်ရပါသည်။
သို့ပါ၍ ပိုးသတ်ဆေးကြောင့် ကမ္ဘာအနှံ့၊ မြန်မာနိုင်ငံ အနှံ့တွင် အသက်ခန္ဓာဆုံးရှုံးနစ်မွန်းရသည့်  အနိဌာရုံများဖြင့် ကျခဲ့ရသော မျက်ရည်ပေါက်များ ထာဝရ  ခမ်းခြောက်သွား စေရန် ''ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ်''ပါ အချက် များကို   အထူးဂရုပြုလိုက်နာကြစေရန်   နှိုးဆော်လိုက်ရပါ သည်။