ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့

Tue, 01/17/2017 - 06:56 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ   ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီလ ၆ ရက်အထိ သီတင်းပတ် အတွင်း   အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ဆန်၁၈၂၆၆တန်တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ   ငစိန်ဆန်တန် ၃၀၀၊ ဧည့်မထဆန် ၁၃၁၁၄ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ဧည့်မထ ဆန် ၁၅၂၈တန်နဲ့လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၃၃၂၄ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်က  ဆန်တင်ပို့မှုမှာ တန်ချိန် ၃၀၆၁၂ ဖြစ်တဲ့အတွက်  ယခုတစ်ပတ်မှာ တန်ချိန် ၁၂၃၄၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။
ယခုတစ်ပတ်မှာဆန်သာမက ဆန်ကွဲပါတင်ပို့မှု လျော့ ကျခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၅ သန်း တန်ဖိုးရှိ ဆန်ကွဲ ၁၃၄၀ တန်ကို တင်ပို့ခဲ့ရာ  စခန်းအလိုက် ကြည့်ပါက မူဆယ် (၁၀၅)မိုင်မှ ဆန်ကွဲ ၁၁၂၆ တန်နဲ့ လွယ် ဂျယ်မှ ၂၁၄တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်က ၈၆၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၇၃၁၂တန် လျော့နည်း ခဲ့ပါတယ်။ ဆန်တင်ပို့မှု လျော့နည်းရခြင်းမှာ တစ်ဖက်နိုင်ငံ မှာ အဖမ်းအဆီးအနည်းငယ်ရှိတာရယ်၊ ကွတ်ခိုင်နဲ့နမ့်ဖတ် ကာကြားမှာ ကားလမ်းပိတ်လို့ ကားခတွေဈေးတက်တာရယ် ကြောင့်လို့ မူဆယ်ဆန်ဈေးကွက်မှသိရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဇန်နဝါရီ ၁ ရက်မှ ၇ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၇ သန်းတန်ဖိုးရှိ  ဆန်ဖြူနဲ့ ပေါင်းဆန်တန် ၃၃၆၀ တင်ပို့ခဲ့ရာ ဂျပန်နိုင်ငံသို့  ငစိန်ဆန်တန် ၅၀၊ ဧည့်မထဆန် တန် ၁၀၀၀၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန်တန် ၃၀၀နဲ့ ငစိန် ဆန်တန် ၇၀၀၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန်တန် ၈၆၀ နဲ့ ပေါင်းဆန်တန် ၄၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန် ၂၀၇၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၈၅ တန် ပိုမိုတင်ပို့နိုင်ပါတယ်။
ယခုတစ်ပတ်မှာ  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်သာမကဆန်ကွဲလည်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃၀၆ သန်းတန်ဖိုးရှိ  ဆန်ကွဲ တန် ၄၉၅၀ ကို အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ပြီး ယခင်တစ် ပတ်က ၃၇၇၅တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၇၅တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
                      

        ယဉ်ယဉ်အေး

Local Trade News