ပခုက္ကူဈေးကွက်၌ နှမ်းသီးနှံများ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်

Tue, 07/23/2024 - 03:42 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေမြို့၊ကမ္မမြို့များနှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော နွေနှမ်းသီးနှံများ တစ်ရက်လျှင် ၃၀ ပိဿာ ဝင်အိတ် ၁၀၀-၂၀၀ ခန့် ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ဒုတိယပတ် တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၁၂,၀၀၀ - ၁၂,၅၀၀ ဖြင့်လည်းကောင်း၊ နှမ်းနက် (စမုံ) တစ်တင်းလျှင် ငွေကျပ် ၁၄၂,၀၀၀-၁၃၉,၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ဇွန်လ၊ ဒုတိယပတ်နှင့် ဇူလိုင်လ၊ ဒုတိယပတ် အရောင်းအဝယ်ဖြစ် သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဇူလိုင်လ၊ ဒုတိယပတ်တွင် နှမ်းဈေးနှုန်းများ ကျဆင်း၍ ဝင်ရောက် သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ နှမ်းဈေးကွက် အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင် များ၊ နှမ်းလှော်လုပ်ငန်းရှင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် မန္တလေး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)